Zawgyi
စောင်ဖွေးဖွေးကြားလုံးထွေးလို့နေသည့်
ယုန်ပေါက်စလေးက အိပ်မောကြနေသည်။
Yixingသူ့ရဲ့ယုန်ပေါက်လေးကို ဘေးတစ်
စောင်းကြည့်ရင်း နဖူးထက်ဖြာကျလို့နေသည့်
ဆံပင်လေးများကိုသပ်တင်ပေးလိုက်သည်။
ဒီကောင်ဆိုးလေးက သူမရှိတဲ့အချိန်မှာ
ဆံပင်အရောင်တွေကိုထပ်ပြောင်းလိုက်ပြန်
ပြီပဲ။Yixingယုန်လုံးလေးရဲ့ နဖူးပြင်လေးကို
ခပ်ဖွဖွနမ်းလိုက်တော့ လှုပ်လှုပ်ရွရွဖြစ်
လာတဲ့ ကောင်လေးက သူ့ကို မျက်လုံး
လေးလှန်ကြည့်လာတယ်။"နိုးသွားတာလား jun sorry sorry..
ပြန်အိပ်လေနော်...အခုမှ၁နာရီထိုးပဲ
ရှိသေးတယ်......"Xingက မျက်နှာချင်းဆိုင် အုတ်ရံထက်
ရွေ့လျားနေတဲ့ digital ဂဏန်း တွေကို
ကြည့်ကာပြောလေသည်။junက စောင်
ဖြူဖြူကြီးထဲ ပိုတိုးဝင်လိုက်ပြီး xing ရင်
ခွင်ထဲ ထပ်တိုးဝင်လိုက်တယ်။xing နဲ့
အချစ်တိုက်ပွဲဝင်ပြီး jun အိပ်ပျော်သွား
ချိန်မှာ xingက junကို ရုံးချုပ်က အိမ်ကို
ပြန်ခေါ်လာခဲ့သည် ဖြစ်မည်။"Xing...junကိုဘယ်လောက်ချစ်လဲ
ဟင်......"နှုတ်ခမ်းလေးဆူရင်း ချွဲလို့နေတဲ့ jun
ခေါင်းလေးကို xing ခပ်ဖွဖွပွတ်ပေး
လိုက်သည်။ဘာမှပြန်မဖြေသေးပဲ ကု
တင်ဘေး ခုံပေါ်က ရီမုတ် လေးကို
ယူကာ မျက်နှာကြက်အပေါ်ကို ထောင်
ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်တယ်။jun
ငြိမ်ငြိမ်လေး လိုက်ကြည့်နေတုန်းမှာပဲ
မျက်နှာကြပ် နှစ်ခြမ်းကွဲသွားပြီး မှန်မျက်နှာ
ပြင်ကနေ ကြယ်တွေကို မြင်လိုက်ရတယ်။
ဒီည ကြယ်တွေ အတော်စုံနေသည်။"ကြယ်တွေဘယ်လောက်များမယ် ထင်
လဲ jun....""ပြောမပြတက်အောင် များတာပေါ့
Xingရဲ့....."Xing ကသူ့ပါးချိုင့်ကြီးတွေ ပေါ်အောင်
ပြုံးလိုက်တယ်။နောက်တော့ junကို ငုံ့
ကြည့်ပြီး နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြန်
တယ်။
YOU ARE READING
Hyper Lunacy{S-1}[complete]xingho
FanfictionYou should give answer immediately ; or else we will miss this life. Zawgyi+Unicode