17

1.4K 165 24
                                    

Zawgyi

Davichi- Don't say goodbye

တိုက်​ဆိုင်​မှု မဟုတ်​ပဲ တမင်​သက်​သက်
သတိရ​နေ မိတာမျိုး​တွေကိုမုန်းတယ်​။

Yixing ဘ၀က အခု​တော့ ပိုပြီး အထီး
ကျန်​ဆန်​သွားပြီ။ငယ်​ဘ၀ထဲက အတူ
ရှိလာခဲ့တဲ့ sehun လည်း မရှိ​တော့သ
လို၊ လိုလိုလားလား နှင်​ထုတ်​ခဲ့တဲ့ လူ
တစ်​​ယောက်​လည်း အနားမရှိ​တော့ဘူး။

လူဦး​ရေသိပ်​များတဲ့ ​နေရာများ​ရောက်
ခဲ့ရင်​ မ​တော်​တဆ ရင်းနှီး​နေတဲ့ အနံ့
တစ်​ခုရတဲ့ အခါ ​ခေါင်းလည်​မတက်
ရှာရင်း လက်​သီးတင်းတင်းဆုတ်​ကာ
သက်​ပျင်းချ လက်​​လျော့လိုက်​မိတယ်​။

တောင်​ကိုရီးယားနိုင်​ငံမှာ ရှိတဲ့ လူသန်း
ပေါင်းများစွာထဲက ​ဆေးကရက်​နံ့ဆွဲ​နေ
တဲ့ candy ကိုယ်​သင်းရနံ့ က တစ်​စုံ
တစ်​​ယောက်​နဲ့ပဲ သက်​ဆိုင်​တယ်​။

တစ်​ချို့လူ​တွေက အချစ်​ကိုမ​ဖော်​ပြ
တက်​ဘူး(မ​ဖော်​ပြချင်​တာလည်းဖြစ်
လိမ့်​မယ်​)..​နောက်​​တော့ သူတို့က
မချစ်​တက်​ဘူးလို့ သမုတ်​ခံရတယ်​။

ဥပမာအားဖြင့်​ sehun က yixing
အနားမှာ တစ်​သက်​လုံး​နေချင်​ခဲ့သည့်
အတွက်​ အ​ဖေတူအ​မေကွဲညီအကိုဆို
သော အဖြစ်​မှန်​ကို အ​ဖေ့အား မုန်း​နေ
သည့်​ yixing​ကြောင့်​ ဖွင့်​မ​ပြောခဲ့​ပေ..

Sehunက သူချစ်​​ကြောင်း ဘယ်​​တော့မှ
ထုတ်​မ​ပြောခဲ့ဘူး..ဒါ​ပေမဲ့ yixing
လိုအပ်​ချက်​တိုင်းကို​တော့ အမြဲတစ်​​စေ
ဖြည့်​စည်း​ပေးခဲ့မြဲပင်​..

Suho က​တော့ သူပိုင်​ဆိုင်​ချင်​တဲ့ လူ
တစ်​​ယောက်​ကို ရ​အောင်​၊ပိုင်​ဆိုင်​နိုင်
အောင်​လုပ်​တယ်​..​နောက်​ပြီး အဲ့ဒီလူ
မ​ပျော်​ရွှင်​​တော့ဘူးလို့ထင်​ရင်​ အနား
ကထွက်​​ပြေးတယ်​..

လူတိုင်းက ချစ်​ပုံချစ်​နည်းခြင်း မတူညီ
ကြဘူး..

သက်​ဆိုင်​တဲ့​နေရာ​တွေ ​ရောက်​လို့ သတိရ
ရင်​​တော့ လိုက်​ကြည့်​မိ​ပေမဲ့..တကူးတက
တော့ မရှာဖြစ်​ခဲ့ပါဘူး...

Hyper Lunacy{S-1}[complete]xinghoWhere stories live. Discover now