( Zawgyi )
ကားပေါ်ကနေဆင်းပြီး hotelထဲကို
ဝင်လိုက်သည်နှင့် မီးအားလုံးက
အမှောင်ကျသွားကာ.....
မပြေးရုံတမယ် အမြန်လှမ်းနေသည့်
ကျွန်တော့ခြေလှမ်းများက တုံ့ခနဲရပ်သွားသည်
အလင်းရောင်တစ်ခုမှ မရှိတော့၍
ဖုန်းထဲက flash မီးကို ဖွင့်ဖို့
ဖုန်းကိုစမ်းလိုက်တော့ ပါမလာ
ကားပေါ်မှာ ကျန်နေခဲ့ပြီထင်သည်....
ရှေ့ဆက်တိုးလို့လည်းမရ.....
နောက်ပြန်ဆုတ်ရအောင်လည်းမဖြစ်သေး...
မှောင်မည်းနေ၍ ဘာမှကို လှုပ်လို့မရသည့်
အခြေအနေပင်....
ထိုအချိန်တွင် မီးသီးသေးသေးလေးတွေဖြင့်
မြားပုံစံ ဒီဇိုင်းဖော်ထားသည့်
လမ်းပြဆိုင်းဘုတ်လေးက မီးလင်းလာသည်..
ဘာမှန်းတော့ သေချာမသိပေမယ့်
ဒီအတိုင်းအမှောင်ကြီးထဲမှာ
ခြေစုံရပ်နေတာထက်စာရင်
မီးလေးတွေနောက်ကိုလိုက်သွားတာ
ပိုကောင်းလိမ့်မည်ဟု တွေးပြီး
လိုက်သွားမိသည်....
ကျွန်တော်ရပ်နေသောနေရာမှ
ထိုမြားလေးနေရာသို့ ရောက်ဖို့ကို..
ခြေလှမ်း တစ်လှမ်း နှစ်လှမ်း သုံးလှမ်း
လှမ်းလိုက်တော့ နောက်ထပ်
မြားလေးတစ်ခုက မီးထပ်လင်းလာပြန်ပြီ....
ဘာလဲဟ...မီးကို ဖွင့်မှာဖြင့် ပြန်မဖွင့်ဘဲ
ဒီမီးသီးသေးသေးလေးတွေက ဘာလုပ်တာလဲ
စဉ်းစား၍မရ....
ဆက်ပြီး မြားလေးတစ်ခုပြီးတစ်ခု
ဆက်လင်းပြီး မကြာခင်မှာပင်
Neon မီးသီးလေးတွေက အကုန်လုံး
ပြန်လင်းလာပြီး ပတ်ဝန်းကျင်ကို
သေချာကြည့်လိုက်တော့
ကျွန်တော်ရောက်နေသည်က
lobby ထဲတွင် ဖြစ်သည်.....
ရှေ့ကို ဆက်သွားမည် လုပ်လိုက်တော့...
Baby shark du du du ဆိုသည့်
ကလေးသီချင်းသံလေးနှင့်အတူ
သုံးနှစ်အရွာ်လောက်ရှိမည့်
အမွှာ မိန်းကလေး နှစ်ယောက်က
အဖြူရောင်ဂာဝန်ဆင်တူလေးကို ဝတ်ပြီး
သူတို့အချင်းချင်း လက်ကလေးကို
သေချာတွဲလာပြီး ကျွန်တော့ဆီကို
ဦးတည်ပြီး လျှောက်လာသည်...
အနားကိုရောက်တော့ ကျွန်တော်က
သူတို့နှင့် တစ်တန်းတည်းဖြစ်သွားအောင်
ထိုင်ချလိုက်တော့ အမွှာလေးထဲက
တစ်ယောက်က သူ့လက်ထဲမှာ ကိုင်လာတဲ့
ကာနေးရှင်းပန်းအနီလေးတစ်စည်းကိုပေးပြီး
နောက်တစ်ယောက်က စာလေးတစ်စောင်ကို
ပေးသည်....
DU LIEST GERADE
My Little World - S1 ( Z + U ) 🍀 Complete 🍀
Fanfictionကလေးဘက်က ခြေလှမ်းလေး တစ်လှမ်းပဲ ကိုယ့်ဆီကိုလှမ်းပေးပါ.... ကျန်တဲ့ ခြေလှမ်း 1499 လှမ်းနဲ့ ကလေးဆီကို ကိုယ်အပြေးလာခဲ့မှာပါ .... ကိုယ့်မှာမင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ယုံကြည်ပေးပြီး ကိုယ့်အချစ်တွေကို ခံစားပေးပါ ~~~~~~~ ကေလးဘက္က ေျ...
