( Zawgyi )
" Kris ရေ .... ထမင်းစားချိန်ရောက်နေပြီ....
စားရင်းနဲ့မှ ဆက်ပြောကြလေ ...
အချိန်တွေလင့်ကုန်ပြီ...
သားငယ်အတွက် ကြက်စွပ်ကရပြီ .....
နိုးမှပဲ ကျွေးတော့မယ် ....."
ဟု Noona က လှမ်းပြောလိုက်တော့
Kris Hyung ကပြန်ဖြေလိုက်သည် ....
" ဟုတ်တယ် Noona ရေ.....
စကားပြောကောင်းနေတာ ....
ထမင်းစားချိန်ကို မေ့တောင်နေတယ် .....
လာ ... လာ... သားကြီးတို့ရေ ...
စားကြမယ်..."
Kris မှ ဦးဆောင်ပြီး ထမင်းစားခန်းထဲသို့
ခေါ်လာခဲ့သည် .....
" Chanyeol ရေ ....ထည့်စားနော် ....
Xuimin ရောပဲ .... အားမနာနဲ့နော် ....
အချိန်မရလို့....အများကြီးတောင်
မပြင်ဆင်လိုက်ရဘူး...
ထည့်စားကြ.... ဧည့်သည်တွေမှ မဟုတ်တာ....
ခပ်ထည့်မပေးတော့ဘူး .....
ကိုယ့်ဘာ့သာ ထည့်စားကြ....."
Chanyeol ထမင်းတစ်လုပ်စားပြီး
" အား!! အရသာရှိလိုက်တာ ... Noona
လက်ရာကို လွမ်းနေတာ.... "
အကုန်လုံးက ဝိုင်းရယ်ကြပြီး Noona က
" ဟုတ်ပါပြီရှင် ... ဒါဆိုလည်း များများစားပါ ...
ဟုတ်ပြီလား....ထမင်းထပ်ယူရမယ်နော်...."
" Noona ရော စားပြီးပြီလား....
မစားရသေးရင် တစ်ခါတည်း
အတူတူစားလိုက်ပါလား .... ပြီးရင်
တစ်ယောက်တည်း ဖြစ်နေဦးမယ်...... "
ထမင်းစားပွဲမှာ ထမင်းဟင်းတွေသာ
ပြင်ပေးထားပြီး ထမင်းဝင်မစားသောကြောင့်
Kris လှမ်းမေးလိုက်သည် ....
" မဆာသေးဘူး ... မင်းတို့ပဲ စားနှင့်ကြ ...."
" အစာမကြေလို့လား ....
မနက်က ဘာစားထားလို့လဲ ....
နေမကောင်းရင်.... xuimin ရှိတုန်း
ပြလိုက်ပါလား .... "
" မဟုတ်ပါဘူး .... နေကောင်းပါတယ်.....
မစားချင်သေးလို့ပါ ... ပြီးတော့ မင်းတို့လည်း
လွတ်လွတ်လပ်လပ် စကားပြောလို့ရအောင်လို့ ...."
YOU ARE READING
My Little World - S1 ( Z + U ) 🍀 Complete 🍀
Fanfictionကလေးဘက်က ခြေလှမ်းလေး တစ်လှမ်းပဲ ကိုယ့်ဆီကိုလှမ်းပေးပါ.... ကျန်တဲ့ ခြေလှမ်း 1499 လှမ်းနဲ့ ကလေးဆီကို ကိုယ်အပြေးလာခဲ့မှာပါ .... ကိုယ့်မှာမင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ယုံကြည်ပေးပြီး ကိုယ့်အချစ်တွေကို ခံစားပေးပါ ~~~~~~~ ကေလးဘက္က ေျ...
