( Zawgyi )
လေပြေဆိုတာ မုန်တိုင်းပြီးမှ
လာတတ်တာမျိုး မဟုတ်လား....
ဒါပေမယ့် မုန်တိုင်း မလာခင်လည်း
လေပြေတိုက်တတ်တယ် ဆိုတာကို
ကျွန်တော် သတိပြုမိခဲ့သင့်တယ်.....
အခုတော့ အရာအားလုံး
အဆင်ပြေခါနီးပြီလို့ ကျွန်တော်ယူဆပေမယ့်
ကလေးကို သူ့မှာ ကိုယ်ဝန်ရနိုင်တဲ့
အခြေအနေရှိတယ် ဆိုတာ...
ကျွန်တော် မပြောကြည့်ရသေးဘူး.....
သူအခုမှ ကျွန်တော့အပေါ်မှာ
စိတ်ကလေးပြေရုံပဲ ရှိသေးတာကို....
ကိုယ်ဝန်ဆိုတဲ့ အသံကိုကြားရင် သူလေး
ခံနိုင်ရည်ရှိပါ့မလား....
တကယ် ရှိနေ မရှိနေကတော့....
မသေချာပေမယ့်လည်း....
ရှိနေပါစေလို့ ကျွန်တော်
မျှော်လင့်နေမိတယ်....အတ္တကြီးရာများ ကျနေမလားတော့ မသိ...
ကျွန်တော်တို့ နှစ်ယောက်ကြား
Baby လေးရောက်လာရင်
ပြန်ချည်နှောင်လို့များ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ...
ဒါပေမယ့် ကလေးကသာ ဟင့်အင်းဆို
ကျွန်တော် လက်လျော့လိုက်ဖို့
ဆုံးဖြတ်ထားပြီသား...
ကျွန်တော်အတွက် အခုချိန်မှာ
ကလေးကသာ အရေးအကြီးဆုံးပဲမို့.....
ကလေးမှ လက်မခံရင်
ကျွန်တော့ရဲ့ ကိုယ်ပွားပေါက်စလေးကို
ကျွန်တော် လက်လွှတ်ရတော့မှာပေါ့....
ကျွန်တော့ကို အတ္တကြီးတယ်လို့သာ
စွပ်စွဲကြပါတော့ ....
အခုမှ ကောက်ကာငင်ကာနဲ့ ကလေးမှာ ကိုယ်ဝန်ရှိနေဖို့ကို ကျွန်တော်မျှော်လင့်နေတာ
ထူးဆန်းနေကြမှာပေါ့....
ဟုတ်ပါတယ်....ကလေးကို
ကိုယ်ဝန်ဆောင်နိုင်မယ်လို့လည်း
တစ်ခါမှ မတွေးခဲ့ဖူးဘူးလေ...
ကိုယ်ဝန်ဆောင်နိုင်တယ်လို့ သိပြီးမှ
ချစ်ခဲ့တာလည်း မဟုတ်ဘဲနဲ့
အခု ကိုယ်ဝန်ရနိုင်တယ် ဆိုမှ
ကျွန်တော် ပိုင်ဆိုင်ချင်နေမိပြန်တယ်....
ကလေးက လိုလိုချင်ချင်နဲ့
မွေးပေးမယ် ဆိုရင်တော့....
အတိုင်းထက်အလွန်ပေါ့ဗျာ....
ဒါပေမယ့် ကလေးကသာ မလိုချင်ခဲ့ရင်.....
ကျွန်တော် နားလည်ပေးရမှာပေါ့....
ကျွန်တော် တွေးနေရင်းနဲ့
လေလေးတစ်ချက်အဝေ့မှာ
အေးသွားသည်....
အလုပ်က ပြန်ရောက်ပြီး ရေချိုးထား၍
ကျွန်တော်တစ်ယောက်တည်း
အေးနေတာလားတော့ မသိပေမယ့်....
ကလေးရော အေးများအေးနေမလားလို့
အပေါ်ထပ်မှာ အနွေးထည်တက်ယူပြီး
ကလေးရှိရာကို သွားလိုက်သည်....
YOU ARE READING
My Little World - S1 ( Z + U ) 🍀 Complete 🍀
Fanfictionကလေးဘက်က ခြေလှမ်းလေး တစ်လှမ်းပဲ ကိုယ့်ဆီကိုလှမ်းပေးပါ.... ကျန်တဲ့ ခြေလှမ်း 1499 လှမ်းနဲ့ ကလေးဆီကို ကိုယ်အပြေးလာခဲ့မှာပါ .... ကိုယ့်မှာမင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ယုံကြည်ပေးပြီး ကိုယ့်အချစ်တွေကို ခံစားပေးပါ ~~~~~~~ ကေလးဘက္က ေျ...
