( Zawgyi )
" ဟက်...ဟက်...
ခင်ဗျားက ကျွန်တော့ကို ချစ်တယ်ဟုတ်လား
ဟား ဟား ဟား ဟား....
ရယ်စရာတွေ သိပ်ပြောတတ်တယ်နော် ...
လျှာမှာအရိုးမရှိတိုင်း
လျှောက်ပြောမနေစမ်းပါနဲ့ ....
ခင်ဗျားသာ ကျွန်တော့ကိုတကယ်ချစ်ရင်
ကျွန်တော့ကို ဒီလိုအခြေအနေမျိုးဖြစ်အောင်
လုပ်မလား.....ကျွန်တော့အပေါ်ထားတဲ့
ခင်ဗျားအချစ်က တန်ဖိုးမရှိတဲ့အချစ်...
ကျွန်တော်က အဲ့လောက်တောင်
ခင်ဗျားအတွက်တန်ဖိုးမရှိခဲ့ဘူးလား....
ဟုတ်လား...ကျွန်တော်ကိုက ရူးခဲ့တာ....
ခင်ဗျားကို ကျွန်တော် စောင့်နေခဲ့တာ....
ခင်ဗျားပြန်မလာသေးလို့....
စိတ်ပူပြီး ခြံထဲထွက်စောင့်နေခဲ့တာ....
အဲ့အချိန်မှာ....Jongin ရောက်လာလို့....
စကားပြောနေတုန်း....
ခင်ဗျားဆီက ဖုန်းလာလို့....
အပေါ်ထပ်ကို ပြေးတက်ပြီး
ခင်ဗျားရဲ့ဖုန်းကို လာကိုင်ခဲ့တာ....
ခင်ဗျားနဲ့ Jonginကို မိတ်ဆက်ပေးချင်လို့...
ခင်ဗျား ဘယ်အချိန် ပြန်လာမှာလဲ....
ကျွန်တော် တဖွဖွမေးခဲ့တာ....
ကျွန်တော် ခင်ဗျားအချစ်ကို မျှော်လင့်ခဲ့တာ
ကျွန်တော် ရူးခဲ့တာပဲ.... ခင်ဗျားအတွက်
ကျွန်တော်က အဖြည့်ခံသက်သက်ပါ....
ချစ်ပါတယ်ဆိုတဲ့ စကားကို ဒီလိုကိစ္စတွေ
ဖြစ်သွားပြီးမှ သွေးရူးသွေးတန်း နဲ့
ပြောမနေနဲ့... နောက်ပြီး ခင်ဗျားဆီက
ချစ်တယ်ဆိုတာကို ကြားချင်ခဲ့တာ....
ဒီလိုအခြေအနေမျိုးမှာ မဟုတ်ဘူး..."
ပြောရင်းနဲ့ မျက်ရည်တွေ
ကျလာပြန်တဲ့ ကလေးငယ်.....
ကလေးကရော ကျွန်တော့ကို
ချစ်နေခဲ့သည်တဲ့လား....
ဒါဆို ကျွန်တော် မသိခဲ့ဘဲနဲ့ ကလေးကို
အနိုင်ကျင့်သလို ဖြစ်ခဲ့ပြီ....
ကျွန်တော့အချစ်ကို ပုံဖော်ပုံ မှားခဲ့ပြီ....
ကျွန်တော်ကလေးကို
ရင်ခွင်ထဲဆွဲဖက်လိုက်သည်....
ဆွဲဖက်လိုက်သည်ကို အတင်းရုန်းနေကာ...
" လွှတ်ပေး.... မထိနဲ့လို့
ပြောထားတယ်လေ....လွှတ်ပေးလို့....
လွှတ်လို့...."
ပါးစပ်ကလည်းပြော
အတင်းလည်း တွန်းထိုးကာ
လွှတ်ခိုင်းနေသော ကလေးကို
တင်းကြပ်စွာဖက်ထားရင်း ....
တောင်းပန်စကားကို အထပ်ထပ်ဆိုရင်း ....
ကလေးနှင့်အတူ ကျွန်တော် မျက်ရည်တွေ
ကျလာမိသည်....
YOU ARE READING
My Little World - S1 ( Z + U ) 🍀 Complete 🍀
Fanfictionကလေးဘက်က ခြေလှမ်းလေး တစ်လှမ်းပဲ ကိုယ့်ဆီကိုလှမ်းပေးပါ.... ကျန်တဲ့ ခြေလှမ်း 1499 လှမ်းနဲ့ ကလေးဆီကို ကိုယ်အပြေးလာခဲ့မှာပါ .... ကိုယ့်မှာမင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ယုံကြည်ပေးပြီး ကိုယ့်အချစ်တွေကို ခံစားပေးပါ ~~~~~~~ ကေလးဘက္က ေျ...
