Part~20💔Z+U

2.4K 246 2
                                    

(Unicode)

" လာမဲ့ တနင်္လာ? လက်ထပ်ပွဲ...?"

Baek တကယ်ကိုမထင်ထားမိခဲ့ပါ...။

" YuKi က တောင်းဆိုတာလား.."

ထမင်းစားပြီးလို့ အချိုပွဲ အသီးစားနေတုန်း Appaပြောလာသော မင်္ဂလာ ပွဲဆိုသောသတင်းကြောင့် အံ့အားသင့်သွားရသည်

ငါ့ကို တကယ်မချစ်ပဲနဲ့များ ဘာလို့ရှေ့ဆက်တိုးချင်နေရတာလဲ YuKi ရယ်

" သမီးလေးက သားနဲ့မခွဲချင်တော့ဘူး မြန်မြန်စီစဉ်ပေးပါဆိုလို့ နှစ်ဖက်မိဘတွေ တိုင်ပင်ပြီးလုပ်ထားတာ သမီးလေးကမပြောဘူးလား သားကို "

" ကျွန်တော် YuKi နဲ့ လက်မထပ်နိုင်ဘူး  ပြီးတော့ စေ့စပ်ပွဲ ကိုလည်း ဖျက်သိမ်းပေးပါ "

" ဘာ!..ဘာဖြစ်ပြန်ပြီလဲ BaekHyun "

" သား..YuKi ကို မချစ်ဘူး သားတကယ်ချစ်ရတဲ့သူ ရှိတယ် သူက 'EXO'Group က Park Chan Yeol သားသူ့ကိုပဲချစ်တယ် YuKi ကိုလည်း အပြတ်ပြောပြီးသားပါ သားသူ့ကိုလက်မထပ်နိုင်ဘူးဆိုတာ "

"ဘာ!!!"

Appa ၏ အော်သံအဆုံး၌ မျက်နှာပေါ်ကျလာသော Appa၏ ရိုက်ချက်တွေကို ဆင့်ကဲဆင့်ကဲ ခံလိုက်ရသည်

" မင်း..ဘာအချိုးချိုးတာလဲ Byun Baek Hyun သမီးလေးသိက္ခာ ငါတို့ သိက္ခာ မှ မထောက် လုပ်ရက်တယ် မင်းကွာ တောက်..."

" Appa တော်ပါတော့..Appa စိတ်ထိန်းပါ..Appa.."

" Chennie ဖယ်စမ်း ဒီကောင့်ကို ငါသတ်မယ် "

Appa ၏ ရိုက်ချက်တွေအား Dae က ကြားထဲကဝင်တား၏

Omma ကတော့ သူ့ကိုငေးလို့ မျက်ရည်ကျနေဆဲ

ဘိုးဘိုးကလည်း ကြောင်ကာ ငေးနေဆဲ

Baek ထံမှ " YuKi နဲ့စေ့စပ်ပွဲဖျက်သိမ်းချင်တယ် ဆိုတာရယ် သူအခုကချစ်ရသူက ဘယ်သူဆိုတာရယ် ကြားလိုက်ရတော့ ရှော့ခ်အကြီးအကျယ်ရသွားပုံရသည်

" ဒီသတင်းတွေကို ပါတ်ဝန်းကျင်က ကြားသွားရင် ငါတို့မျက်နှာ ဘယ်သွားထားရမလဲ ပြောစမ်း Byun Baek Hyun "

" သားတို့ ထွက်သွားမှာပါ ဘယ်သူမှမသိအောင်တိတ်တိတ်လေးထွက်သွားမှာပါ YuKi နဲ့စေ့စပ်ပွဲကိုသာ ဖျက်ပေးပါ "

💔 VILLAIN 💔Where stories live. Discover now