Part~11💔Z+U

2.8K 253 12
                                    

(Unicode)

" ချစ်တယ် မောင်..."

နှုတ်ခမ်းပါးကို ဖိကပ်လာသော သူမနှုတ်ခမ်းတွေအား အလိုက်သင့်တုံ့ပြန်ပေးမိသည်

သူမသည် ခုချိန်မှာ သူ့ချစ်သူမဟုတ်လား

သူမအပေါ် ကိုယ်ကျူးလွန်မိတဲ့အပြစ်တွေအတွက် သူမစိတ်ချမ်းသာအောင် ရုပ်မပျက်တော့နေပေးသင့်တယ်လို့ထင်တယ်လေ

ဒီနေ့ ကျွန်တော့်တိုက်ခန်း၌ညနေစာတူတူစားကာ ပြန်ခါနီးနှုတ်ဆက်အနမ်းပေးနေသောသူမအား ကျွန်တော် နဖူးပြင်သို့ခပ်ဖွဖွနမ်းလိုက်သည်

တောင်းပန်ပါတယ် YuKi မောင့်အချစ်တွေက YuKi အတွက််မဖြစ်နိုင်တော့လို့ တောင်းပန်ပါတယ်

" မောင် လိုက်ပို့ပေးမယ်လေ "

" ရတယ် မောင် လိုက်မပို့နဲ့တော့ YuKiကျောင်းသားတစ်ယောက်ဆီဝင်စရာလေးရှိလို့ "

" omm... ဂရုစိုက်သွားနော်.. "

" nae..ချစ်တယ်နော်..မောင်..."

".အင်း..မောင်လည်း....ချစ်တယ်."

သူမကို ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းပြောဖို့ အချစ်မျက်နှာမြင်ယောင်မိတော့ ထိုစကားက နှုတ်ဖျားကထွက်ဖို့ အချိန်အနည်းငယ်ကြာခဲ့ပြန်သည်

ထွက်သွားသော သူမကားလေး မြင်ကွင်းမှပျောက်သည်ထိ ငေးကြည့်ပြီးမှ အခန်းဆီပြန်အလှည့် နံရံဆီဆွဲကပ်ခြင်းခံလိုက်ရသည်

နှုတ်ခမ်းပေါ်ရောက်လာသော နှုတ်ခမ်းထူထူတွေ၏ အထိအတွေ့ကိုခံစားလိုက်ရသည်

အချစ်...ကျွန်တော့်ချစ်ရတဲ့အချစ်၏ အနမ်းတွေ

" ummm...အချစ်..."

စကားပြောခွင့်မပေးပဲ ကိုယ့်နှုတ်ခမ်းပါးတွေအား တရှိုက်မက်မက် စုပ်ယူနမ်းရှိုက်နေသော အချစ်ကြောင့် စကားပြောဖို့မကြိုးစားမိတော့ပေ

သူ့ခါးလေးကို ပြန်လည်ဖက်တွယ်ရင်း သူ့အနမ်းတွေအောက် ကိုယ်ပါ ရှိုက်မက်စွာ ပျော်မွေ့မိသည်

မောင့်ကိုပေးဖို့မေ့သွားတဲ့ အကျႌ လေး ကားပေါ်ပါလာတာမို့ ပြန်လှည့်လာခဲ့စဉ်

💔 VILLAIN 💔Where stories live. Discover now