Part~13💔Z+U

2.7K 276 25
                                    

(Unicode)

" Yoona Noona..."

" ဟင်.."

" CEO ဆီလက်မှတ်ထိုးခိုင်းစရာ မရှိဘူးလား..."

" ဟမ်.."

အနေတည်လွန်းသည့် CEO အား အားလုံးကရှိန်ကြသည့်မို့ CEO ရုံးခန်းဆိုသိပ်မသွားချင်ကြသည့်ကြားမှာ ထူးခြားစွာ CEO ရုံးခန်းသွားချင်နေသည့် BaekHyun ကို Yoona အံ့သြစွာကြည့်မိတော့

" ကျွန်တော်အားနေလို့မေးကြည့်တာပါ လျှောက်တွေးမနေနဲ့ဦး..noona.."

" အမ် ငါကဘာပြောရသေးလို့လဲ.."

" Noona အကြည့်တွေက ကျွန်တော့်ကိုအထူးအဆန်းသဖွယ်ကြီးကြည့်နေတာကိုး.."

" ထားပါတော့ အတော်ပဲ ငါလည်း လက်စသတ်စရာလေးတွေရှိနေလို့အဖွဲ့မှူး ဒီFile လေးတွေသွားပေးခိုင်းထားတာမသွားရသေးဘူး သွားပေးပေးစမ်းပါ.."

" nae "

"ဒေါက်..ဒေါက်.."

" ဝင်ခဲ့ပါ "

အသံခပ်သြသြ၏ ခွင့်ပြုသံကြားတော့ Baek အခန်းထဲဝင်လာရင်း အခန်းတံခါးအား လော့ချခဲ့သည်

ဒီနေ့တော့ အချစ်ကို ရအောင်ရှင်းပြရမယ် မဟုတ်ရင် သူ့ဥပေက္ခာတွေကြောင့် ကျွန်တော်ရူးတော့မယ် ကျွန်တော်လေ အချစ်ကို ဘာလို့အဲ့လောက်တောင်ချစ်မိသွားလဲမသိဘူးဗျာ...

သူ့စားပွဲရှေ့လျှောက်လာသည့် ကျွန်တော့်အားမြင်တော့ မျက်မှောင်ကျုံ့ရင်း အကြည့်လွှဲသွားသည်

" လက်မှတ်ထိုးရမှာမလား..ထားခဲ့..."

" အချစ် "

" ကျွတ်စ် Byun Baek Hyun အပြောအဆိုဆင်ခြင်...အင့်...မင်း..ဘာလုပ်...အွန့်..."

အကြည့်လွှဲရင်းပြောနေသော သူ့ပေါင်ပေါ်သို့ ထိုင်ချလိုက်ရင်း သူ့မျက်နှာအား ကိုယ့်လက်ဖဝါးသေးသေးနှစ်ခုဖြင့် မရုန်းနိုင်ရန် ချုပ်ထားလိုက်သည်

ဒေါသတကြီးအော်ဟစ်နေတဲ့ နှုတ်ခမ်းတွေအား ကိုယ့်နှုတ်ခမ်းသေးသေးတွေထဲ ဖမ်းချုပ်ထားလိုက်သည်

" BaekHyun...ဖယ်စမ်း.."

ရုတ်တရတ် ကြောင်သွားရာမှ အသိဝင်လာတော့ ကျွန်တော့်အား သူ့ကိုယ်ပေါ်မှဆွဲဖယ်ကာ ထသွားတော့ သူ့ခါးတွေအား ပြေးဖက်ထားမိပြန်သည်

💔 VILLAIN 💔Where stories live. Discover now