Part~18💔Z+U

2.8K 282 10
                                    

(Unicode)

"Chan...Chan...ဟင့်...တောင်းပန်ပါတယ်..အချစ်..ဟင့်..တောင်းပန်ပါတယ်..''

" Baek..BaekHyun သတိထားဦးလေ"

" အွန်း..ဟင့်..Dae..ငါဘယ်ရောက်နေတာလဲ.."

" ဆေးရုံမှာ မင်းသတိလစ်သွားလို့ ဆေးရုံခေါ်လာရတာ..ကိုယ့်ကိုကိုယ်ဂရုစိုက်ပါဦး BaekHyun ရယ်.."

" Eldorado ဆေးရုံကိုပြန်ခေါ်လာတာလား.."

" အင်းလေ.ဒီဆေးရုံကအနီးဆုံးမို့..."

" ငါ..ငါ..သူ့ကိုသွားကြည့်ချင်တယ်.."

" ခုနကပဲပြန်လာတာလေ...မင်းကိုမင်းလဲကည့်ပါဦး Baekရယ်.."

" ငါ ရင်တွေပူနေလို့ပါ သူ့မျက်နှာလေးမြင်ရမှ ငါနေသာမှာ ငါ့ရင်ထဲအရမ်းတင်းကျပ်နေတယ်..ငါ..ငါသူ့ကိုတွေ့ချင်တယ် Chennie ya..ဟင့်.."

" ဟာ..မငိုနဲ့လေ..မငိုပါနဲ့Baek ရာ..ဆေးသွင်းထားတာ ကုန်သွားရင် ငါလိုက်ပို့ပေးမယ်နော်..မငိုနဲ့..ခဏအိပ်လိုက်.."

"အင်း.. မင်းပြန်နားချင်နားတော့လေ..ပြန်ရောက်ရောက်ချင်း ဒုက္ခပေးမိပြီ MaMa တို့လည်းမျှော်နေမှာ ပြန်တော့ ငါအဆင်ပြေတယ်.."

" မင်း ဒီလိုဖြစ်နေတာ ငါကဘယ်လိုလုပ်ပြီးသွားရမှာလဲ..MaMa တို့ကို ငါဒီညမင်းဆီမှာအိပ်မယ်လို့phဆက်ထားပြီးပြီ.."

" YuKi ရော အဆင်ပြေရဲ့လား..မသိဘူး..သူ့ဆီတော့သွားလိုက်ပါ သူအဆင်ပြေမှာမဟုတ်ဘူး.."

Baek ပြောမှ ကျန်ခဲ့သည့် YuKi အား Dae သတိရသည်..

သူမ အဆင်ပြေမှာမဟုတ်ဘူး သူမကြိတ်ငိုနေမလား..

သူမအပေါ် အရင်လိုစိတ်တွေမရှိတော့ပေမဲ့ ငယ်သံယောဇဉ်ဆိုသော စိတ်လေးရှိနေသေးသောကြောင့် စိတ်ပူမိသည်

တစ်ဖက်က လူရောစိတ်ရော နေမကောင်းသည့် ညီငယ်တစ်ဖြစ်လဲ သူငယ်ချင်းလေး တစ်ဖက်က စိတ်ထိခိုက်နေမည့် ရည်းစားဟောင်းတစ်ဖြစ်လဲ သူငယ်ချင်းမလေး..ဘယ်သူ့ကို Dae နှစ်သိမ့်လို့ ဘယ်သူ့ကို Dae ဖြောင်းဖျရပါ့မလဲ

ဝေခွဲမရတဲ့ အတွေးတွေနဲ့အတူ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အတွေးတွေဂယက်ရိုက်နေသည်

💔 VILLAIN 💔Where stories live. Discover now