Part~7💔Z+U

3.2K 267 6
                                    

(Unicode)

" ပြန်တော့ Chan နောက်ထပ်မတွေ့တော့ဘူး..."

ကုတင်ပေါ် ထိုင်နေရင်း ကိုယ့်အား မျက်နှာလွှဲကာပြောနေသော သူ့အား ChanYeolမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်သည်

" wae...wae...တူတူရွေးချယ်ခဲ့ပြီးသား လမ်းမလား ဘာလို့ ခုမှ နှင်နေရတာလဲ.."

" မဖြစ်သင့်ဘူးလေ "

" မဖြစ်သင့်ဘူးဆိုတာ အစောကတည်းက သိခဲ့ကြတယ်လေ...ရှေ့ဆက်တိုးဖို့ကြိုးစားခဲ့ပြီးမှ ဘာလို့လဲ "

သူ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ရမ်းလို့ အော်မိတော့မျက်ဝန်းငယ်တွေက မျက်ရည်တွေကြွေဆင်းလာရင်း နှုတ်ခမ်းပါးတွေက နာကျင်စရာစကားတွေထွက်လာသည်

" စေ့စပ်ပွဲ စေ့စပ်ပွဲ ဆိုတဲ့ အဖြစ်အပျက်နဲ့တင် ကျွန်တော့်ရင်ထဲသွေးပျက်နေတယ် ခင်ဗျားသိရဲ့လား လက်ထပ်ပွဲ ဆိုတဲ့အခါကျ ဘယ်လိုအင်အားနဲ့ရင်ဆိုင်ရမလဲ

ရှေ့ဆက်ပြီး ဒီလမ်းကိုဆက်လျှောက်နေရင် ကျွန်တော်တို့နှလုံးသားတွေကို ဓားသွားပေါ် လျှောက်ခိုင်းသလိုဖြစ်နေလိမ့်မယ်..သံယောဇဉ် တွေ ဆက်မတိုးခင် ရပ်တန့်လိုက်ရအောင် Chan..."

" သံယောဇဉ် သံယောဇဉ် ဆိုတဲ့အရာဖြစ်တည်ဖို့ဆိုတာ အချိန်တွေ ရင်းနှီးမှုတွေအများကြီးလိုတယ် Baek ကိုယ်နဲ့မင်းကြားမှာ ရှိတာ သံယောဇဉ်မဟုတ်ဘူး

အချိန်ခဏလေးအတွင်းတစ်ယောက်နှလုံးသားကိုတစ်ယောက်မြင်နားလည်နိုင်တာ တစ်ယောက်နာကျင်မှုကိုတစ်ယောက်ကထပ်တူခံစားနိုင်တာ အချစ်လို့ ခေါ်တယ် Baek

ကိုယ်မင်းကိုသံယောဇဉ်ရှိတာမဟုတ်ဘူး ကိုယ်မင်းကိုချစ်တာ မင်းကိုမေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး အချစ် "

မျက်နှာလွှဲရင်း မျက်ရည်ကျနေသော သူ့မျက်နှာလေးကိုကိုယ့်ဘက်ပြန်ဆွဲလှည့်လို့ အကြည့်ချင်းဆုံကာ ပြောမိတော့ သူက အေးစက်စွာ တစ်လုံးချင်းပြန်မေးလာသည်

" အဲ့ဒါဆို စေ့စပ်ပွဲ ကို ဖျက်သိမ်းနိုင်မလား Chan."

" ကိုယ်...ကိုယ်..."

💔 VILLAIN 💔Onde histórias criam vida. Descubra agora