"နတ်ဘုရားတွေရဲ့ ကျိန်စာပဲ။"

"အေးဟ။"

"သူတို့ နတ်ဘုရားတွေ မကျေနပ်အောင် ဘာတွေလုပ်ခဲ့သလဲမှ မသိတာ။"

"ဟုတ်ပါရဲ့။"

"မင်းတို့သတိထားမိလား။ အခုရက်ပိုင်း နမိတ်မကောင်းဘူး။ ငါတွေ့သမျှတော့ ငှက်တွေအားလုံးလိုလို နေ၀င်ရာဘက်ကိုပဲ ပျံသွားနေကြတယ်။ ကြောက်စရာတစ်ခုခုတော့ ဖြစ်တော့မှာပဲ။"

"ယဇ်ပူဇော်ပြီး နတ်ဘုရားတွေရဲ့ သဘောထားကို ဘုန်းတော်ကြီးတွေကို မေးခိုင်းမှဖြစ်မယ်။ ဒီအတိုင်းဆက်နေဖို့မကောင်းဘူး။"

တီးတိုးသံများကို ဆက်ကြားနေရသည်။ ရောမလူမျိုးများသည် အတိတ်နမိတ်ကောက်ပြီး အယူသည်းသူများဖြစ်သည်။ ဇီးကွက်ကိုမြင်လျှင် မကောင်းတာဖြစ်လိမ့်မည်ဟု ယုံကြည်ကာ လင်းယုန်ငှက်သည် မုန်တိုင်းတိုက်မည့် အတိတ်နမိတ်ဖြစ်သည်။ ပျားများကို အတိတ်နမိတ်ကောင်းဖြစ်သည်ဟု ယုံကြည်ကြသလို ငှက်များ၏ပျံသန်းပုံကို ကြည့်ကာ အယူသည်းတတ်ကြသည်။ အရှေ့ဘက်အရပ်ဆီသို့ ငှက်များပျံသန်းသည်ကို တွေ့ပါလျှင် အတိတ်နမိတ်ကောင်းဖြစ်ပြီး အနောက်ဘက်သို့ ပျံသန်းလျှင်တော့ ကံမကောင်းသည့်အဓိပ္ပါယ်ဟု လူအများပင် ယုံကြည်ကြသည်။

"တိတ်စမ်း။ အားလုံး လုပ်စရာရှိတာဆက်လုပ်ကြစမ်း။"

ကျွန်ထိန်းရဲ့ စကားအဆုံးမှာ လူစုစုသည် တဖြည်းဖြည်း အုပ်စုခွဲကာ လုပ်ငန်းနေရာများသို့ ပြန်လည်ထွက်ခွာသွားကြသည်။ လူငယ်လေးတစ်ယောက်သာ ဖဲလ်လစ်နားသို့ လျှောက်လာသည်။

"ဟိုဘက်ခြမ်းက ယာခင်းအိမ်တွေက စပျစ်ပင်တွေ အကုန်သေနေတယ်တဲ့။ အဲ့ဒီ့မှာ အလုပ်လုပ်တဲ့ လူတွေလည်း ချောင်းတွေဆိုးပြီး ဖျားနေကြတယ်။"

စကားဆုံးသည်နှင့် လူငယ်သည် ခြေလှမ်းသွက်သွက်နှင့် ထွက်ခွာသွားသည်။ ဖဲလ်လစ် စပျစ်ခင်းထဲပြန်မသွားဘဲ ကျွန်ထိန်းရှိရာသို့ လျှောက်လာခဲ့သည်။ ကျွန်ထိန်းဖြစ်သူ နဲရို့စ်နှင့်သူသည် ရင်းနှီးခင်မင်နေပြီဖြစ်သည်။ နဲ့ရို့စ်သည် အဘိုးအို အဲလ်ဇီယိုလောက် သဘောမကောင်းပေမယ့် အစေခံများကို နှိပ်စက်တတ်သူတော့မဟုတ်။ စပျစ်ခင်း၊ သံလွင်ပင်စိုက်ခင်းမှအစ မွေးမြူရေးလုပ်ငန်း အားလုံးကို ဦးစီးကြပ်မတ်ပေးရန် လုလိယက်စ်၏ ယုံကြည်အားကိုးခံရသူဖြစ်သည်။

ထာ၀ရ ပုံပေΌπου ζουν οι ιστορίες. Ανακάλυψε τώρα