" Baek..Hyun.."

သူ့စကားဆုံးတော့ Dae၏ လက်တွေက ပြေလျော့သွားသလို အံ့သြစွာလည်းကြည့်လာသည်

အထက်တန်းကျောင်းသား ဘဝပြီးကတည်းက Dae နဲ့ YuKi ရဲ့ဆက်ဆံရေးက သူငယ်ချင်းထက်ပိုခဲ့တယ်ဆိုတာသူကောင်းကောင်းသိခဲ့သည်

သူငယ်ချင်းသုံးယောက်ကြား တစ်ယောက်က ဆေးတက္ကသိုလ် တစ်ယောက်က ပညာရေးတက္ကသိုလ် တစ်ယောက်က အနုပညာတက္ကသိုလ် ဟူ၍ တနေရာစီ ကွဲပြားသွားတော့ သူ မပါပဲ သူမတို့နှစ်ယောက်၏ သီးသန့်တွေ့ဆုံမှုတွေရှိခဲ့သည်လေ

မာနကို ဦးစားပေးတတ်ကြလွန်းသူတို့နှစ်ယောက်ကြား ကျောင်းပြီးတော့ ပြဿနာတစ်ရပ်ပေါ်လာသည်

Dae က နိုင်ငံခြားမှာ မဟာဘွဲ့ထပ်ယူဖို့ကျောင်းသွားတက်မယ်ဆိုတော့ YuKi ကလက်မခံပေ

သူမနဲ့ Dae ၏ ရည်မှန်းချက်တွေကို အလဲအလှယ်လုပ်ခိုင်းသည့် YuKi က အတ္တကြီးခဲ့သည်

ဝါသနာကြီးလွန်းသည့် Dae ကလည်း အလျော့မပေးခဲ့ သူမ လက်ကို လွှတ်လို့ သူရည်မှန်းချက်ကိုသာ ဦးစားပေးခဲ့သည်

သူ့ကိုဘေးဖယ်ကာ ဖုံးကွယ်လို့ထားတဲ့ သူတို့ပါတ်သက်မှုတွေကို Baek သိနေခဲ့ပေမဲ့ တစ်ခွန်းမှ ဝင်မပါခဲ့ပါ...

သို့ပေမဲ့ Dae ထွက်သွားပြီးမကြာခင် သူ့ကို propose လုပ်လာတဲ့ သူမကြောင့် Baek အံ့သြခဲ့မိတယ်

သူမက သူ့ကို Dae နေရာမှာ အစားထိုးခဲ့တယ်လေ

သို့ပေမဲ့ Daeကြောင့်နာကျင်နေရတဲ့နှလုံးသားငယ်ကို ထပ်မနာကျင်စေချင်ခဲ့လို့ Baek သူမအချစ်ကို လက်ခံခဲ့တယ် သူမအပေါ် Dae ပြန်လာတဲ့အထိစောင့်ရှောက်ဖို့ဆုံးဖြတ်ခဲ့တယ်

ဒါပေမဲ့ နှစ်ဖက်မိဘအသိုင်းအဝိုင်းတွေက လက်ထပ်ဖို့ထိ သဘောတူလိုက်ကြတယ်..

သူမဘက်ကို ငဲ့ညာပေးခဲ့ပေမဲ့ ကိုယ့်ဘက်ကျ ဘာလို့နားမလည်ပေးနိုင်ရလဲ YuKi

သူ့ကို သူမမချစ်တာ သူသိသည်

Chan ကို အနိုင်ယူချင်လွန်း၍ သူမ လက်မလျော့တာ

အတ္တကြီးလွန်းသည့် သူမက ဘယ်အရာကိုမှ အရှုံးမပေးလိုဘူးထင်တယ်...

💔 VILLAIN 💔Место, где живут истории. Откройте их для себя