မောင့်ကုမ္ပဏီ ရှေ့၌ ကျွန်မနဲ့ Dae စကားပြောရင်း စောင့်နေတုန်း Park Chan Yeol နဲ့ စကားပြောရင်း ပြုံးလာသော မောင့်ကိုတွေ့လိုက်ရသည်

မောင့်ပုံစံက သိပ်ကိုပျော်ရွှင်ကြည်နူးနေသလိုပါပဲ....

ကျွန်မကိုမြင်တော့ မောင်ရော Park Chan Yeol ရော မျက်နှာပျက်သွားကြသည်

ကျွန်မဘေးနားက Dae ကိုမြင်တော့ မောင်က အံ့သြစွာကြည့်နေပြီးမှ ပြေးလာကာ Daeအားဖက်လေ၏

ထိုအချင်းအရာ ကို ကြည့်နေသော Park Chan Yeol မျက်နှာ၌ အလိုမကျခြင်းတွေ ကြီးစိုးနေသည်ကို မြင်လိုက်ရသည်

Daeနဲ့မောင့်ကို တစ်မျိုးမြင်နေပုံရသည်

Park Chan Yeol ရှင့်ရဲ့ပိုင်ဆိုင်မှုကို ကျ သူများလုယူမှာ စိတ်ပူတတ်သလား

ကျွန်မ ပိုင်ဆိုင်မှုကို လုယူသွားတုန်း ကျွန်မဘက်ကို ငဲ့မကြည့်ခဲ့ဘူးနော်

အော် ရှင့်ပိုင်ဆိုင်မှုမှ မဟုတ်တာ

သူများလက်ထဲက လုယူထားတဲ့အရာတစ်ခုကို ကိုယ့်လက်ထဲက ပြန်လုခံရမှာ စိုးနေသည်ထင်

ကျွန်မ မောင့်ကို ရှင့်လက်ထဲ ဘယ်တော့မှ မထည့်ဘူး Park Chan Yeol

မောင့်ကို ကျွန်မ လက်မလွှတ်ဘူး...

ရှင့်ရဲ့ နာကျင်မှု ကျရှုံးမှုကို မောင့်ရင်ခွင်ကနေ ကျွန်မ ကြည့်နေမှာ...

ဗီလိန်တွေရဲ့ ဇာတ်သိမ်းက ဘယ်တော့မှ မလှပဘူးဆိုတာ ရှင်သိစေရမယ်...

အချစ်ပြေးဖက်လိုက်သော ကောင်လေးရယ် ဘေးမှာရပ်နေသော သူမရယ်ကို ChanYeolစူးစိုက်ကြည့်မိသည်

လူရှေ့မရှောင် ဖက်လဲတကင်းဖြစ်နေရလောက်အောင် ထိုကောင်လေးနဲ့ အချစ်က ဘယ်လိုပါတ်သက်နေလဲ

သူ့ကို စူးစိုက်ကြည့်နေသော သူမကလည်း ဘာလို့ထိုနေရာမှာ ရှိနေသလဲ

သူခိုင်းထားတဲ့ သူတွေက အလုပ်မဖြစ်ဘူးလား...

"Baby...baby...baby...baby...."

Ph ringtone သံကြောင့် သူ့အာရုံတွေကို ထိုမြင်ကွင်းတွေဆီမှ ခဏရုန်းထွက်လိုက်သည်

💔 VILLAIN 💔Where stories live. Discover now