" ကြောက်နေလား..ကိုယ်အချစ်ဘေးမှာ ရှိနေမှာမို့ သတိ္တရှိကြရအောင်လား အချစ် "

" မဟုတ်...မဟုတ်ဘူး...ကျွန်တော် သူမ ကို လက်လွှတ်လို့မရသေးဘူး..."

ခပ်တိုးတိုးထွက်လာသော Baek စကားတွေကြောင့် ChanYeol သူ့ရင်ခွင်ထဲမှကောင်လေးအား ဖက်ထားသောလက်တွေကို လွှတ်လိုက်မိသည်

" အချစ် ကျွန်တော် ပြောတာ..."

" ကိုယ် ပြန်တော့မယ် Baek "

ည တစ်နာရီလောက်ကြီး ထပြန်မယ်ဆိုသော အချစ်က ကျွန်တော့်ကို အထင်လွဲသွားပြန်တာသေချာသည်

" ဖိုးဖိုးက နှလုံးရောဂါသည် ပါ YuKiကို သိပ်ချစ်တာ ကျွန်တော်တို့ လက်ထပ်ပွဲကိုလည်း မျှော်လင့်ထားတာ ကျွန်တော်နဲ့အချစ်အကြောင်းကို ခုချိန်မှာ သူသိသွားရင် ရောဂါဖောက်လာမှာ အဲ့ဒါကြောင့်ပါ သူမကြောင့် မဟုတ်ပါဘူး ကျွန်တော် အချစ်ကိုချစ်မိကတည်းက သူမအပေါ်စိတ်ဖြတ်ပြီးသားပါ အထင်မလွဲပါနဲ့ ကျွန်တော့်ချစ်ခြင်းတွေကို အထင်မလွဲပါနဲ့ "

ကုတင်ပေါ်မှ ခေါင်းလေးငုံ့ကာ ပြောလာသော Baek ရှေ့၌ ChanYeol ဒူးထောက်ထိုင်ချလိုက်ရင်း Baek လက်ဖဝါးလေးတွေကို ဆုပ်ကိုင်ထားလိုက်သည်

" တောင်းပန်ပါတယ် ကိုယ်ထပ်ပြီးအထင်လွဲမိပြန်ပြီ အချစ် ကိုယ်တို့ အချိန်ယူကြတာပေါ့ တစ်ခုပဲ တစ်ခုပဲကတိပေးပါ အချစ် ကိုယ့်ကိုဘယ်တော့မှ မထားသွားပါဘူးလို့ ကတိပေးပါ "

" အချစ်က ကျွန်တော့်ရှင်သန်ရာပါ ကျွန်တော် အချစ်နားက ထပ်ထွက်မသွားပါဘူး ထွက်လည်းမသွားနိုင်ပါဘူး ကျွန်တော့်ရဲ့အရာရာကို အချစ်ပိုင်တာမို့ ယုံကြည်ပေးပါ အချိန်တစ်ခုပေးပါနော် "

" အင်း ကိုယ်ယုံတယ် အချစ်ကို ကိုယ်ယုံတယ် ဟော..ဒီမျက်ရည်တွေက ဘာလို့ကျလာပြန်တာလဲ မငိုနဲ့နော်... ကိုယ်တို့ကပျော့ညံ့နေလို့မရဘူးလေ မငိုနဲ့နော် "

" ချစ်တယ်..."

" ကိုယ်ရောပဲ..."

ထိုညလေး၌ မျက်ရည်လွယ်သူ အချစ်လေးအား ကိုယ်ရင်ခွင်ထဲနွေးထွေးစေလို့ ကိုယ့်အနမ်းတွေနဲ့ချော့သိပ်ခဲ့တယ်

💔 VILLAIN 💔Where stories live. Discover now