သူ့နားရောက်ရောက်လာတတ်သည့် ဘေးဘေး မျက်ဝန်းတွေက အရောင်မရှိ ပကတိအဖြူထည်သက်သက် ဒါဆို ဟ်ုိကိုမြတ်ဆိုတဲ့ကောင်ကိုရော သူတွေးရင်း ရင်ပူလာပြီ ဘေးဘေး ဒီအတိုင်းအားနာတာပဲဖြစ်မှာပါဆိုပြီး ဖြေသိမ့်နေရသည်။

မင်းငါ့အဖြစ်ကို မြင်ရင် အော်ရယ်နေမလား ဘေးဘေး။ ငါမင်းကို တမ်းတ တတ်လာပြီ။ မင်းအရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲကွာ။ တွေးလေ လွမ်းလေ ပိုတွေးလေ ပိုလွမ်းလေပဲ။

ဖုန်းဆက်ကြည့်ရမလား ဟာ မဖြစ်သေးပါဘူး ငါက စချော့လို့ ကောင်းပါ့မလား။ လွမ်းတဲ့စိတ်က မာနကိုအနိုင်ယူသွားသည်။ ဖုန်းခေါ်နေရင်း သူ အိပ်နေလောက်မှာပါ မကိုင်ပါစေနဲ့ ဟော ဖုန်းဝင်သွားပြီ

တူ....တူ.....တူ.....

တစ်ဖက်မှ အသံကြားလိုက်ရသည်

"ဟဲလို"

"ဘေးဘေးလား"

ခဏတိတ်သွားပြီး "ကိုသုလား ဘာကိစ္စရှိလို့ ညဘက်ကြီး ရုတ်တရတ်ဖုန်းဆက်တာလဲ"

"အော် ဒီလိုပါပဲ အိပ်မရလို့ ဆက်ကြည့်တာပါ မင်းရော မအိပ်သေးဘူးလား"

"ရေဆာလို့ ရေထသောက်တာ အောက်မှာဖုန်းလာနေတာကြားလို့ ဆင်းကိုင်လိုက်တာ အိမ်မှာ ဘူကြီးတွေအိပ်နေပြီလေ ညဘက်ကြီး မအိပ်ဘဲ ဘာလို့ ငါ့အိမ်ဖုန်းဆက်နေတာလဲ နဒီချိုဆီ ဆက်လေ"ဟုပြောသံကြားလိုက်ရတော့

သွားပြီ ဘေးဘေး အသံက တင်းနေသည် "မဟုတ်ပါဘူး ဟိုလေ ငါတို့ သူငယ်ချင်းအချင်းချင်း စိတ်ဆိုးနေကြတာ ကြာနေပြီလေကွာ အဲ့တော့ ပြန်ခေါ်ကြဖို့ ငါဖုန်းဆက်လိုက်တာ မနက်ကျောင်းသွားရင် ငါလာခေါ်မယ်လေ စောစောလာခဲ့မယ် မုန့်လိုက်ကျွေးမယ်စောင့်နေမယ်မလား"

တစ်ဖက်မှ နူးညံ့ချိူသာသော စကားသံကို ကြားရင်း ဘေးဘေးရင်ခုန်သွားသည်။ ရင်ခုန်တယ်ဆိုလို့ ဟိုလို ရင်ခုန်တာမဟုတ်ဘူးနော် လန့်တာ။ ကိုသုက ခိုင်းစရာ အကူအညီတောင်းစရာရှိရင် လေသံက နူးညံ့တတ်တာသိလို့ လန့်တာ အခုမုန့်ပါကျွေးမယ်ဆိုတော့ သေချာတယ် ဒါ မြွေဖမ်းရတော့မယ် ထင်တယ် ဟု တွေးနေခိုက် တစ်ဖက်မှ

Without YouWhere stories live. Discover now