" နိုးပြီလား..အိပ်ပုတ်လေး.."

ရင်ခွင်ထဲမှ လွန့်လူးနိုးလာသော ကောင်လေး၏ပါးလေးအား အသာဆွဲညစ်လိုက်ရင်းမေးတော့ မျက်စောင်းလှလှလေးတစ်ခုလက်ဆောင်ရသည်

" ကျွန်တော်က အစောကြီးကတည်းကနိုးနေတာပါနော်...Chanမနိုးသေးလို့ ကျွန်တော်လည်း ပြန်အိပ်လိုက်တာ..ဟီး..."

" 11 နာရီတောင်ထိုးနေပြီပဲ အလုပ်သွားလို့လည်းမမှီတော့ဘူး..."

" အဲ့ဒါ Chanကြောင့်လေ ညက သုံးနာရီကျော်မှ အိပ်ရတာကိုး...အချစ်က သိပ်ဆိုးတာပဲ..."

" one more times darling ဆိုတာ ဘယ်သူလေးပြောတာတုန်းနော်..."

" ဟာဗျာ..."

" ဟား...ပြပါဦး ရှက်နေတဲ့မျက်နှာလေး...ညက အဲ့ရုပ်လေးမဟုတ်ပါဘူး..."

ရင်ခွင်ထဲအတင်းတိုးဝင်နေသောကောင်လေး၏မျက်နှာလေးအားအတင်းဆွဲမော့တော့ ကိုယ့်အားခါးတင်းကျပ်စွာဖက်ထားရင်း ရင်ခွင်ထဲခေါင်းကိုအတင်းနှစ်ထားသည်

ချစ်မြတ်နိုးလွန်းကြီးလွန်း၍ ဆံနွယ်ပျော့ပျော့တွေထဲ ရှိုက်မက်စွာနမ်းလိုက်မိသည်

" အချစ်...ခဏနေ..ကိုယ် ကုမ္ပဏီ ခဏသွားမယ်နော်..အချစ်ကတော့အိမ်မှာပဲနားလိုက်တော့..."

" မသွားပါနဲ့....''

" ဘာလို့လဲ အချစ်ရဲ့...တော်ကြာ..မနေ့ကမှ ကုမ္ပဏီ စလာပြီး ဒီနေ့မလာတော့ဘူးဆိုတော့ စည်းကမ်းမရှိတဲ့ CEO ကြီးဆိုပြီး အတင်းပြောနေကြပါဦးမယ်ကွာ..."

" ပြောတဲ့သူတွေအကုန်အလုပ်ထုတ်ပစ်လိုက်ပေါ့..မသွားပါနဲ့ဗျာ..."

" ဟောဗျာ...ဘာလို့လဲ ပြောပါဦး..."

" imm...Date.ဟုတ်တယ်..Dateလုပ်ချင်လို့ အချစ်နဲ့...."

" Date?"

" omm Date လုပ်ချင်လို့..."

" ကောင်းပါပြီဗျာ အချစ်လေးအလိုကျအတိုင်းပါပဲ...ကဲဘယ်သွားချင်လဲပြော..."

" ဘယ်မှ မသွားဘူး..."

" ဟင် ဘယ်လိုကြီးလဲ Dateလုပ်မယ်ဆို..."

" အိမ်မှာပဲ Dateလုပ်မယ်လေ...ရုပ်ရှင်တူတူကြည့်မယ် ပြီးရင် အချစ်ကို ကျွန်တော့်လက်ရာ နေ့လည်စာကျွေးမယ်..နောက်ပြီးရင်...အချစ်ရင်ခွင်ထဲနေပြီး စကားတွေအများကြီးပြောကြမယ်....မောသွားရင်တော့ အချစ်လက်မောင်းပေါ်ခေါင်းတင်ပြီး အိပ်မယ် အချစ်ကသီချင်းဆိုရင်းချော့သိပ်..."

💔 VILLAIN 💔Donde viven las historias. Descúbrelo ahora