အပိုင်း " 11 "

4.9K 277 9
                                    

Z.C + U.C ©

"​နှောင်းအခုတ​လောပြုံးလို့ရွှင်​လို့ပါလား...ပြီး​တော့ ကုမ္ပဏီ မှာ ကိုသတင်း​တွေကြားတယ်​​နော်​ သူ​ဋ္ဌေးနဲ့ဘာလိုလိုညာလိုလိုဆိုလား..."

နှောင်းနဲ့​နောင်​ သီးသန့်​ နှစ်​​ယောက်​ထဲ JC က ကိုရီးယားမုန့်​ဆိုင်​မှာ ထိုင်​ပြီးစကား​ပြော​တွေ​ပြော​နေကျပါသည်​။အထူးသဖြင့်​ ​နှောင်းနဲ့ဝင့်​လွှာ ရဲ့အ​ကြောင်းဆိုရင်​မမှားဘူး​ပေါ့။

နောင်​ ရိပ်​မိတာလည်းမဆန်းပါဘူး ၀င့်​လွှာက တစ်​ခြားသူ​ရှေ့မှာ သ၀န်​သိပ်​မတိုတက်​​ပေမဲ့ ​နောင်​ နဲ့ဆိုရင်​သ၀န်​​တွေအရမ်းတိုတာ ပြီး​တော့ ​နှောင်းကိုလဲ​နောင်​နဲ့သိပ်​​ပေးမ​တွေ့ဘူးရုံးမှာဆို ​တွေ့စရာရှိရင်​လဲအ​နောက်​ကသူမပါ,ပါသည်​။

"ဟင်း...​နှောင်းလဲမသိ​တော့ပါဘူး လိုသူ​တွေရှိသလိုမနာလိုသူ​တွေလဲ ရှိကျတာပဲ​လေ သူကဘားမှမဖြစ်​သလို​နေ​ပေ​မဲ့ ​နှောင်းကကြားထဲက အားနာ​ရတယ်​ ပြီး​တော့ သူ့လို​အောင်​မြင်​တဲ့သူတစ်​​ယောက်​အ​ကြောင်းကို တစ်​ဖတ်​ပြိုင်​ဘက်​ ကုမ္ပဏီ ​တွေကအတင်းအဖျင်းလိုလုပ်​​ပြော​နေကျတာ အဲ့လိုကျ​တော့ ​နှောင်းလဲပ​ယောဂမကင်းသလိုခံစားရတယ်​ ဒီ​နေရာမှာ ကိုကိုဆို​ရင်​​ကောဘယ်​လိုခံစားရမလဲ..."

မှာထားတဲ့စားစရာ​တွေကို တို့ကနန်းဆိတ်​ကနန်းလုပ်​ပြီး ပြီးမှအားရပါးရစားတက်​တဲ့​နှောင်းရဲ့ပုံစံ​ကြောင့်​ ​နောင်​ကလဲ အခု​နှောင်း စားချင်​သလိုမစားချင်​သလိုလုပ်​​နေပြီး​ သူမ​ပြောတဲ့စကား​တွေကို စိတ်​၀င်​တစားနား​ထောင်​​ပေး​နေရှာပါသည်​။

"ဒါက​တော့ ​နှောင်းရဲ့ခံစားချက်​နဲ့ပဲဆိုင်​ပါတယ်​ ဒီနိုင်​ငံမှာက အခုလို လိင်​တူတွဲတဲ့​ပေါ်ကိုလက်​မခံတာအကိုနားလည်​ပါတယ်​ ပြီး​တော့ မြန်​မာနိုင်​ငံကဖွံဖြိုးဆဲနိုင်​ငံဆို​တော့ ဒီကိစ္စနဲ့ပတ်​သက်​ပြီး​တော့လဲ လက်​မခံကျ​သေးတာဖြစ်​ချင်​ဖြစ်​မှာပါ တစ်​ခြားဖွံဖြိုးပြီးနိုင်​ငံ​မှာ ကြီးပြင်းလာတဲ့အကိုအတွက်​က​တော့ ဒီကိစ္စကလူ လူချင်းချစ်​တာလို့ပဲ မြင်​ကြ​တော့တယ်​ ရှုံချမှု​တွေရှိ​​နေ​သေး​ပေမဲ့ လက်​ခံလာကျတယ်​ ဒါ​တွေအားလုံးကသူတို့စိတ်​​ပေါ်မှာပဲမှုတည်​ပါတယ်​ ​နှောင်းရဲ့ ခံစားချက်​ကသာ အစစ်​အမှန်​ဆိုရင်​ ဒီလို​ပြောဆို​နေမှု​ပေါ်ကို ​ကြောက်​စရာမလိုပါဘူး သူနဲ့ကိုနဲ့ချစ်​​နေရင်​ပြီးတာပဲမဟုတ်​လား..."

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now