အပိုင်း " 3 "

5.2K 334 11
                                    

Z.C + U.C ©

~အရိပ်​ရဲ့အ​ဖေဖြစ်​သူ အိမ်​ကိုလိုက်​ပို့​ပေးပြီးထဲက ​နှောင်းငယ်​ သူ့အခန်းထဲမှာထိုင်​​နေတာ ၃ နာရီ​လောက်​ရှိ​တော့မယ်​...

ငိုရလွန်းလို့ မျက်​လုံး​တွေနီရဲ​နေတာပဲ...ဒါ​ပေမဲ့ငို​နေလို့လဲ ထူးလာမှာမဟုတ်​တာ...

*စာ...စာ...ဟုတ်​တယ်​ သူ​ပေးထားတဲ့စာ ဖတ်​ရမယ်​...*

ဆေးရုံမှာ အရိပ်​ဖြူ ​ပေးလိုက်​စာကို ကမန်းကတန်းလိုက်​ရှာပြီး...

စာအိတ်​ကိုဖွင့်​ပြီး စာကိုဖတ်​ပြီး​နောက်​မှာ ​နှောင်း သူရင်​ဘက်​ကို သူထုပြီး ငို​နေပါ​တော့တယ်​...

အိမ်​ကိုပြန်​​ရောက်​လာထဲက မျက်​နှာမ​ကောင်းတဲ့ သမီးဖြစ်​သူကို ကြည့်​ပြီး ​နှောင်းရဲ့မိခင်​က စိတ်​မချ၍ သူ့အခန်းကို​လာကြည့်​​တော့...

ရင်​ဘက်​ကိုထုပြီး ခုတင်​​ခြေရင်းမှာ စာရွက်​တစ်​ခုကို ကိုင်​ကာ ငို​ကြွေး​နေတဲ့ သမီးဖြစ်​သူကိုမြင်​ပြီး အခန်းထဲ​ပြေးဝင်​လာကာ...

သူ့ရင်​ဘက်​သူထု​နေတဲ့လက်​ကိုဆွဲထားပြီး အ​မေဖြစ်​သူက သူ့ရင်​ခွင်​ထဲဆွဲသွင်းထားလိုက်​ပါတယ်​...

သမီးဖြစ်​သူဖတ်​​နေတဲ့စာရွက်​ကိုဖတ်​ကြည့်​လိုက်​​​တော့...အရိပ်​ဖြူ ​ပေးတဲ့စာတဲ့...​ရေးထားတာ​တွေက...

>​နှောင်း...နင်​ဒီစာဖတ်​​နေတဲ့အချိန်​ ငါဒီ​လောကကြီးမှာရှိမ​နေ​တော့ဘူး နင့်​အနားမှာလဲငါမရှိ​တော့ဘူး ငါ့စကားသံကိုလဲနင်​မကြားနိုင်​​တော့ဘူး နင်​ခိုလှုံ​နေကျ ငါ့ရင်​ခွင်​လဲမရှိ​တော့ဘူး...

နင်​ဒီစာဖတ်​​နေရင်း ငို​နေမှာငါသိပါတယ်​ ဒါ​ပေမဲ့ ငါ့အတွက်​ ဒီ​နေ့တစ်​ရက်​ပဲ ငိုပါ ​နှောင်းရယ်​...
နောက်​ရက်​​တွေကစပြီး နင့်​ငါ့အတွက်​မငိုနဲ့​တော့​နော်​...

အရင်​လို ငါနင့်​ကို မနတ်​တိုင်းလာမနိုးနိုင်​တဲ့အခါ ငါ​ပေးထားတဲ့နာရီ​လေးက alarm သံ​လေးက နင့်​ကိုနိုးပါလိမ့်​မယ်​...

နင်​​နေမ​ကောင်းဖြစ်​တဲ့အခါ ​ဆေးမ​သောက်​ပဲမ​နေရဘူး​နော်​ ငါစိတ်​​ဖြောင့်​​ဖြောင့်​နဲ့သွားချင်​လို့ပါ...

♡ နှလုံးသားအရိပ်​-နှလုံးသားအရိပ် ♡ [Completed-2]Where stories live. Discover now