" Ah~ခြေထောက် အဆစ်လွဲသွားတယ်ထင်တယ်.."

ခြေ​ထောက်လေးကိုင်ကာငိုမဲ့မဲ့ဖြစ်နေသော ကောင်လေးက မထနိုင်ဟန်..။

" Miyan ကျွန်တော် ရှေ့သေချာမကြည့်မိလို့ပါ "

" ကျွန်တော်လည်းတူတူပါပဲ"

ကိုယ်လေးအား ငုံ့ကိုင်းကာပြောနေသော သူကား Park Chan Yeol မည်သောကောင်လေးပင်

လဲကျသွားသောကြောင့်နာသွားသည့်ခြေထောက်လေးအား ငုံ့ကာကြည့်နေသူက Byun Baek Hyun မည်သော ကောင်ငယ်လေးဖြစ်သည်

ငုံ့ကိုင်းကာ စိုးရိမ်စွာကြည့်နေသော မျက်ဝန်းဝိုင်းဝိုင်းတွေက မော့ကြည့်လာသော မျက်ဝန်းသေးသေးလေးတွေနဲ့ဆုံလိုက်ဉ်တခဏ

"ဒုတ်~~ဒုတ်~~ဒုတ်~~"

"ဒုတ်~~ဒုတ်~~ဒုတ်~~"

ထပ်တူကျစွာ ထွက်ပေါ်လာသော ရင်ခုန်သံတွေနဲ့အတူ နှုတ်ခမ်းထူထူတွေရော နှုတ်ခမ်းပါးပါးတွေရော ပွင့်ဟလာသည်ထိ တစ်ယောက်ကိုတစ်ယောက်ငေးစိုက်ကြည့်နေမိကြသည်

သူတို့နှစ်ဦး၏ နှလုံးသားတွေကား ပထမဆုံး သက်ဆိုင်သူတွေကို သစ္စာဖောက်ကြလေပြီ

ထိုအချိန်မှစ၍ မျက်ဝန်းတွေကနေ တစ်ယောက်၏ နှလုံးသားကို တစ်ယောက်ကအပိုင်ယူသွားခဲ့ပြီဖြစ်သည်

" ဟို...ကျွန်တော် တွဲပေးမယ်နော် "

ရုတ်တရတ်အသိဝင်လာကာ ChanYeol ကပဲ စကားအရင်စလိုက်ပြီး အနေရခက်စေသောထိုအခြေနေကို ဖြိုခွဲလိုက်သည်

" nae..အားနာပါတယ် ကျွန်တော် တကယ်မရပ်နိုင်လို့ပါ "

" မဟုတ်တာ ဆေးရုံကိုကျွန်တော်ပို့ပေးပါ့မယ် နှစ်ယောက်လုံးဘယ်သူမှမမှားပါဘူး အားမနာပါနဲ့တော့ "

" Nae.."

တွဲကူတော့ ထိစပ်သွားတဲ့ အထိအတွေ့တွေကြောင့် နှစ်ယောက်လုံးကိုယ်ထဲ၌ ပူနွေးတက်လာကာ ခက်ခဲသော အခြေအနေတစ်ခုကိုခံစားနေရသည်

ဒီလိုအခြေအနေမျိုးတစ်ခါမှ မကြုံခဲ့ရဖူးဘူး

သက်ဆိုင်သူမိန်းကလေးတွေနှင့်တွဲတာ နှစ်နှစ်ပင်ပြည့်တော့မည် ဒီလောက် Skinship သေးသေးလေးအတွက်ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးမခံစားဖူးပေ

💔 VILLAIN 💔Where stories live. Discover now