💙အပြာရောင်နွေဦး 💙 _ 15

Începe de la început
                                    

ခပ်ချေချေနဲ့ ပြောနေတဲ့ အရှေ့က ကောင်လေးပုစိကို ဖက်နမ်းချင်နေပါပြီ!!
မနေနိုင်တော့လို့ နမ်းပလိုက်ပြီ...

"အာ့!!! နမ်းရင်လည်း...ဖြည်းဖြည်းသာနမ်းပါ ထွက်မပြေးဘူး
ဘာကြောင့်ကိုက်ရတာတုန်း ကိုစိတ်ပုတ်ရဲ့ သူများနှုတ်ခမ်းနာသွားပြီ!!"

နှုတ်ခမ်းတဆူဆူနဲ့ ကပ်ကပ်လန် ရန်ရှာနေတဲ့အကောင်ပေါက်ကို
နမ်းတာ သူမမှားဘူး ချစ်လို့နမ်းတာလေ..
မချစ်ရင် Kim Jongin တို့က လှည့်ကိုမကြည့်ဘဲ ချေချေနေပစ်မှာ...

ချစ်လို့လည်း နမ်းရသေး...ဟွန့်....

"ဟာ့....ခင်ဗျားကြီးက ဘာကိုစိတ်ကောက်ပြန်ပတုန်း...အနမ်းခံရတာ
ကျွန်တော်လေဗျာ..."

စိတ်ကောက်သလိုလေး...ဟိုဘက်လှည့်လိုက်တော့ ဘေးက ပြာပြာသလဲ
လာချော့ပါလေရဲ့....

နိုး!! စိတ်ကောက်ရအောင် Kim Jonginက မိန်းမမဟုတ်ဘူး..
စိတ်ဆိုးတာလည်း..မိန်းမတွေအလုပ်.....

ခုဖြစ်နေတာက ကောင်လေးကို ချစ်လွန်းနေလို့ မူယာမာယာများတာလေ...

ဒါတွေကို ကောင်လေးတစ်ယောက်တော့ မသိရှာ^_^

"ကိုယ်က စိတ်မကောက်ပါဘူးကွာ...တွေးနေတာကွ.."

ချယ်ရီပန်းအပင်တွေအောက်...တစ်ယောက်လက်တစ်ယောက်ယှဉ်တွဲပြီး..
တူတူလမ်းလျှောက်နေခဲ့သော...ကျွန်တော်တို့နှစ်ယောက်...

"ဘာကိုတွေးနေတာလဲ...Jongin..ဟပ်!ချိုး!!"

နှာတရှုံရှုံနဲ့ နှာခေါင်းထိပ်လေးတွေ ရဲနေသော ကောင်လေး...

ကြည့်!!!ဒီလောက်အေးနေရင် မာဖလာလေးတော့ ပတ်လာရောပေါ့...
ဒီက လူကို စိတ်ပူအောင် လုပ်ပြန်ပြီ.....

"အေးနေတာကို...ဘာလို့ မာဖလာ ဝတ်မလာတာလဲ Kyung..."

"အာ...Jonginကိုတွေ့ချင်တာနဲ့ပဲ မေ့လာတာ ဟီး^_^"

အွန်း...အဲ့သလိုက ချွဲတတ်နေပြန်ပြီ.......

"ကိုယ်ထင်တာတော့ မေ့လာတာမဟုတ်ဘူးလား...ဒါမှမဟုတ် သက်သက်မဲ့
ကိုယ့်ဟာကို ဝတ်ချင်လို့လား..."

မာဖလာ ပတ်ပေးနေရင်းကို စကားကပြောနေမိတယ်....
လည်ပင်းသားဖြူဖြူလေးတွေက အေးစက်နေပြီ..
ဒီလိုနဲ့ ဖျားနေပါဦးမယ် ကောင်လေးရယ်....

"အမှန်ပြောရမလား....ဟင်~~"

သေချာဝတ်ပေးပြီးတော့မှ လက်ကိုလာဆွဲတဲ့ ကောင်လေး...
ဟာ!!! လက်တွေကလည်း အေးစက်နေပြန်ပြီ!!!!

"အင်း..ပြောပေါ့ အမှန်တိုင်း....လိမ်ပြောရင် ကိုယ်က နမ်းမှာနော်..."

ကောင်လေး လက်ကလေးနှစ်ဖက်ကို ယုယုယယ ကိုင်လိုက်ပြီး...
အာငွေ့လေးပေးနေပေးလိုက်တယ်....

ခုလိုလေးနဲ့ နွေးထွေးပါစေ ကိုယ့်ကောင်လေး....

"ခုလိုလေး..Jongin ဂရုစိုက်တာကို ကြိုက်လို့ "

ပြောပြီးတော့မှ ရှက်နေတဲ့ ကောင်ကလေး....

လူကိုအမျိုးမျိုးနဲ့ ချွေယူနေတော့တာပဲ...

"ဟုတ်ပါပြီဗျာ ခုလိုလေး ဂရုစိုက်တာကြိုက်ရင် နေ့တိုင်းလုပ်ပေးမယ်နော်..
အဲ့တာမှ မကျေနပ်ရင် အိမ်ကိုပါ ခေါ်သွားမယ် လိုက်မှာလား.."

"Every Time Every Where!!! Kim Jongin Shi"

နောက်ဆုံးတော့ လက်လျော့ခဲ့ရတာ ကျွန်တော်ပင်....

"လာပါဦးကွာ...ကိုယ်ဖက်ထားချင်လို့..."

လက်နှစ်ဖက်ဖြန့်ပြီး...ရင်ခွင်ကိုဖွင့်ပေးလိုက်တော့.....
ကျောပြင်ကို သိုင်းယှက်လာတဲ့လက်လေးနှစ်ဖက်ရယ်
ရင်ခွင်ထဲ မျက်နှာလေး အပ်ထားတဲ့....
ကျွန်တော်ချစ်ရတဲ့ ကောင်လေး...

"ကိုယ့်ကို ချစ်လား..Kyung.."

ဆံပင်လေးကို နမ်းရှိုက်ပြီးမေးလိုက်တော့....

"ကျွန်တော်က Jonginကို အသက်ထက်ပိုချစ်တာ ချစ်တယ်~~"

"ကိုယ်ကလည်း..Kyungကို အရမ်းချစ်တာ..."

ဆောင်းလေတဖြူုးဖြူးနဲ့...လေယူရာယိမ်းနေတဲ့
ချယ်ရီပန်းပင်တွေအောာက် ကောင်လေးနှစ်ယောက်ရဲ့
ထွေးပွေ့မှု ကြင်နာမှု ချစ်မြတ်နိုးမှုတွေက...
ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ် တစ်ခုပင်....

*ခင်ဗျားသာ ရှိရင် ကျွန်တော့်ဘဝက ပျော်ရွှင်စရာအပြည့်ပင်....*

T ~B~ C ~

လောင်းတိုင်းနိုးဆီး 🙄🙄🙄

စပရိုက်!!အနေဖြင့် နောက်တစ်ပိုင်းက Finalပဲ😊

မူလဇာတ်လမ်းတီထွင်သူအား အထူးပင်လေးစားလျှက်ပါ

💙အပြာ​ရောင်​နွေဦး💙 {Completed }Unde poveștirile trăiesc. Descoperă acum