အိမ်ကြီးထဲမှတစ်ရွေ့ရွေ့ထွက်ခွာသွားသော နောက်ကျောပြင်လေးသည် ရဲရင့်မှု့အားဆောင်၏။

မင်းရင့်ကျက်သွားခဲ့ပြီ Bae ။

ပီတိအပြုံးတို့နှင့်ကြည့်လိုက်ကာ ထွက်ခွာသွားသော မာစီဒီးကားအနက်ကလေးအား မျက်စိတစ်ဆုံးလိုက်ကြည့်မိ၏။ မျက်ဝန်းမှဝေးကွာသွားပြီဖြစ်သော ကားနောက်မီးအနီလေးအားကြည့်ကာ လိုက်ကာတို့အားအသာချလျက် ကုတင်ပေါ်၌ အိပ်စက်နေသော ကောင်လေးတစ်ဦးဆီသွားလိုက်၏။

ထိုကောင်လေး၏ အနက်ရောင်ဆံစတို့အား နဖူးပြင်အထက်သို့ အသာသပ်တင်လိုက်ပြီး နှုတ်ခမ်းထူထူလေးအား ဖိကပ်နမ်းရှုံ့လိုက်၏။

"မင်္ဂလာနံနက်ခင်းပါ ကိုယ့်ရဲ့ ခင်ပွန်းလောင်းလေး"

ရင်ခွင်ထဲသို့ ပို၍တိုးဝှေ့လာသောကြောင့် အနမ်းတို့အား နဖူးပြင်ထက်ဝယ် ဖြန့်ကျက်လျက် ထွေးပိုက်ထားလိုက်လျှင်ပင် ပြုံးသွားသော နှုတ်ခမ်းထူထူသည် အသည်းပုံသဏ္ဍာန်ဖြစ်ပေါ်ပေါ်သွားလေသည်။

                                                        □□□□□□□□□□□□□□

"Xing ခဏနားလိုက်ပါဦးလား အစီအရင်ခံစာတွေလဲ ပြီးသင့်သလောက်ပြီးနေပြီပဲ"

ဆက်တီစားပွဲပေါ်ရှိ file အများအပြားမှ အနည်းငယ်သာ ကျန်တော့သည်မို့ ဆိုဖာနောက်မှီပေါ် ခေါင်းမှီချလိုက်ကာ မျက်လုံးနှစ်လုံးကိုပိတ်လျက် မျက်ခုံးထူထူပေါ်၌ လက်ချောင်းလေးများအား ဖိနှိပ်ကာအလုပ်ပေးလိုက်၏။

"ကျွန်တော်လဲ ရှိနေတာပဲ အဲ့လောက်အထိ ကိုယ့်ကိုကိုယ်အပင်ပန်းမခံပါနဲ့လား"

"Jun ရယ် မင်းတောင်အမှု့သည်တွေနဲ့ တရားရုံးကိစ္စတွေတင်ရှုပ်နေတာ ဒီကြားထဲ ကိုယ့်အလုပ်တွေပါ ကူနေရတော့ ကိုယ်မကြည့်ရက်ဘူး။ ကိုယ်ဒါကြောင့်နှစ်ဆလုပ်သင့်တယ်လေ"

"Chanyeol ရဲ့ Company ပါ တစ်ခါတည်းလုပ်နေရတာ ကျွန်တော်မကူဘဲ ဘယ်နေနိုင်ပါ့မလဲ"

 2 နှစ်ဆိုတဲ့အတောအတွင်းမှာဖြစ်ပျက်ခဲ့သည်များမှာ အမျိုးစုံပင်။

အိပ်ခန်းထဲကနေတောင်မထွက်တော့သော Channie ကျန်းမာရေး၊ ပျောက်သွားသော hyunee ၊ တောင်လိုပုံနေသော Company နှစ်ခုမှအလုပ်တွေကို လစ်ဟာမှု့မရှိအောင် မနည်းလုပ်နေရသည်။ Junmyeon ကူညီ၍လုပ်ပေးသောကြောင့် သူ့အလုပ်တွေ၌ အဆင်ပြေသော်ငြား အားနာရပြန်သည်။

SQUARE [Rated]Where stories live. Discover now