" ငါ့ဘဝကိုကျတော့ ကမောက်ကမ ဖြစ်အောင် လုပ်ထားပြီး...... မင်းကတော့ ပျော်ရွှင်နေမယ်ပေါ့လေ ... ဒါကို တရားတယ်လို့ထင်လား?"

" ကျွန်တော် ခင်ဗျားကို ဘာလုပ်ခဲ့မိလို့လဲ?"

" မင်းရဲ့ ဆယ်ကျော်သက်အရွယ် အရူးထမှုလေးတစ်ခုကြောင့် ငါ့အိမ်ထောင်ရေး ပျက်စီးပြီး ငါ့ဘဝတစ်ခုလုံး အထီးကျန်စွာ နဲ့ နေထိုင်လာရတာ...... "

သွန်းမာန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဒီလူ ဘာတွေပြောနေတာလဲ????

" အဲ့နေ့က မင်းကြောင့် ငါ့ဇနီးနဲ့ ကွာရှင်းခဲ့ရတယ်...... ငါ့သားလေးလည်း အရမ်းကို အထီးကျန်စွာနဲ့ ရှင်သန်လာရတာ... ဒါတွေ အားလုံး မင်းကြောင့် မဟုတ်ပါဘူးလို့တော့ မင်းမငြင်းနိုင်ဘူးမလား..."

သွန်းမာန် ခြေထောက်မခိုင်တော့တာမို့ ဘေးက နံရံကို အားပြုပြီး လက်ထောက်ထားလိုက်မိသည်။

သူရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်...
သူကိုယ်တိုင်လည်း ...... အဲ့နေ့ ...... အဲ့နေ့ကမှ ဦးမင်းနောင်ကြိုး အိမ်ထောင်ရှိမှန်း သိခဲ့တာ......

ဒီအဖြစ်မှန်ကို ထိတ်လန့်စွာ လက်ခံခဲ့ရပြီးနောက်......
သူ accident ဖြစ်ပြီး coma ရခဲ့တာ......

" ငါ မင်းနဲ့ မိတ်ဆွေပဲ ဖြစ်ချင်တာ ...... မင်းဘက်က လိပ်ပြာလုံရင်တော့ ငါ့ကမ်းလှမ်းချက်ကို ငြင်းမယ်မထင်ဘူး"

ဦးမင်းနောင်ကြိုး ရဲ့စကားသံတွေက သွန်းမာန် မငြင်းနိုင်အောင် ရစ်ပတ်နေသလိုပင်...

သွန်းမာန် ဘာမှ တုံ့ပြန်ခြင်းမပြုပဲ အခန်းတံခါးတွန်းဖွင့်လိုက်တော့ ......
တံခါးအပြင်မှာ မတ်တပ်ရပ်နေတဲ့ ဦးမျိုးမင်းကို တွေ့လိုက်ရသည်။

ဒါက ထူးဆန်းတာတော့မဟုတ်...

ဟိုးအရင်ကတည်းက ဦးမင်းနောင်ကြိုး ရှိတဲ့ နေရာမှာ
ဦးမျိုးမင်းကို တွေ့နေရတတ်တာပဲလေ......

သွန်းမာန် ယဉ်ကျေးမှုအရ နှုတ်ဆက်တာတောင် မလုပ်နိုင်ပဲ ထိုနေရာကနေ အမြန် ပြေးထွက်လာခဲ့လိုက်သည်။

.
.
.
.
မရည်ရွယ်ခဲ့ပါ.........

ဆယ်ကျော်သက်အရွယ် စိတ်ကစားမှု တစ်ခုက
ဒီလောက်တောင် မှားယွင်းခဲ့တာတဲ့လား.........

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now