Episode:19

3.6K 362 49
                                    

တိတ်​ဆိတ်​​နေ​သော​ဆေးရုံအခန်းငယ်​သည်​​အေးစက်​စွာ။

ဆေးရုံကုတင်​ထက်​လှဲ​လျောင်း​နေသည့်​ Chanyeol ၏နံ​ဘေး​တွေ Wu yifan ထိုင်​​နေမိသည်​။

မိမိလုပ်​သမျှ အမှန်​ဖြစ်​သည်​ဟု ယူဆထားမိ​သောဘ၀ခံယူချက်​သည်​ ယခုအချိန်​တွင်​ ဤလူသားနှင့်​တွင်​မှ မှားယွင်း​နေ​လောဟု Wu yifan အ​တွေး​ရောက်​မိ၏။

Wu yifan ၏အတ္တ​တွေက ဤလူသားအားနာကျင်​​စေပြီ​လော။
ပျက်​စီး​စေပြီ​လော။မျက်​ရည်​ကျ​စေပြီ​လော။
စိုးရိမ်​မိသည်​။
သူ့အားနာကျင်​​စေခြင်းအကြိမ်​​ရေတိုင်းတွင်​ မိမိအားစိတ်​ပျက်​၍ထားသွားမည်​ကို။
တစ်​ခါတစ်​​လေလည်း သူ့အားနာကျင်​စေ​သောမိမိကို ​ထားသွားပါ​စေ​ဆု​တောင်းမိ၏။

သို့​သော်​ Park Chanyeol မရှိပါဘဲ Wu yifan ရှင်​သန်​နိုင်​ရဲ့လားဆိုတာ မ​သေချာ။

Wu yifan ဘ၀၏ ပထမဆုံး​တွေ​ဝေခြင်း​တွေသည်​ Park Chanyeol အတွက်​သာဖြစ်​သည်​ဆိုတာက....

ဟိုးတုန်းက​တော့ထင်​ခဲ့ဖူးသည်​။
Park Chanyeol ဆိုသူ လူသားသည်​ သူ့အားများမကြာမီအချိန်​အတွင်းထားသွားလိမ့်​မည်​ဟု။
သို့​သော်​...မည်​မျှမျက်​ရည်​ကျ​စေခဲ့ပါမူ ​မေတ္တာမပျက်​သည့်​ သူ့အမူအကျင့်​တို့သည်​က Wu yifan အား ပိုမိုပူ​လောင်​​စေခဲ့သည်​။

စွန့်ပစ်​မည်​၊နာကျင်​​စေမည်​ဟု​ကျွေး​ကြော်​ခဲ့​သော မိမိကိုယ်​တိုင်​ပင်​ သူ့​မေတ္တာအလျင်​​ကျောမှာ ​မြောပါခဲ့၍ အချစ်​ဟူ​သော နာမ်​စားဖြင့်​ နှစ်​​ယောက်​တစ်​ကမ္ဘာ ​ခြောက်​နှစ်​တာထူ​ထောင်​ခဲ့၏။

သို့​သော်​...အတ္တကြီး​သော ကိုယ်​လိုငမိုက်​သားသည်​က ချစ်​ရသူအား ရင်​ကိုအစိမ်းခွဲ၍မီးမြှိက်​ခဲ့သည်​။
သောက်​ရှူးကြယ်​အလား ထိုမျက်​လုံးဝိုင်းတို့မှ မျက်​ရည်​ကိုသာ ဆွတ်​​ခြွေမိခဲ့သည်​။
အကြင်​နာပန်းတို့ဖူးပွင့်​ရာ နှင်းဆီသဖွယ်​နှုတ်​ခမ်းဖူးတို့ဆီမှ ​တောင်းပန်​စကားသာ ပန်​ကြား​စေခဲ့သည်​။
ရလိုမှု အဖြစ်​ သူ့​ပေးဆပ်​မှုအား သာယာခဲ့မိသည်​။
နုနယ်​​သော နှလုံးသားအား အချစ်​အမည်​ခံ​သော မစင်​ကြယ်​ခြင်းအတ္တတို့ဖြင့်​ အဆိပ်​သင့်​​စေခဲ့သည်​။

OWNER : Remastering Version Where stories live. Discover now