" C .. CEO ! ! ! "
" အဲ့ဒါဘာဖြစ်နေတာလဲ ? "
- မေမေရေ !! .... မေမေ့သားလေး
bobohuလေးတော့ မိုးကြိုးပွတ်တာပဲ -- သွားပြီ ... အခုမှ တကယ်ကိုသွားတာ -
- ခုနက သူ့ကို ပျစ်ပျစ်နှစ်နှစ် မေတ္တာတွေ
ပို့နေတဲ့စကားတွေများ ကြားသွားပြီလား
မသိ -- လုပ်ပြထားတဲ့ မျက်နှာကြီးကလည်း
ဆူပုတ်နေလိုက်တာ ကြောက်စရာကြီး -Chanyeol သူမေးသော်လည်း ပြန်မဖြေ ။
သူ့ကိုသာမျက်လုံးပြူးပြီး ကြောင်ကြည့်နေ
သော Baekhyunဆီသို့ ခြေလှမ်းကျဲကျဲတို့
ဖြင့် လှမ်းသွားခဲ့သည် ။ထိုအခါ Baekhyunသည် သူ့အရှေ့သို့ခြေလှမ်း
တစ်လှမ်းတိုးလာတိုင်း နှုတ်မှ တဟင့်ဟင့်ရှိူက်
လျက်အနောက်သို့ပင် ခြေလှမ်းတစ်လှမ်းဆုတ်
ဆုတ်သွားခဲ့သည် ။" Byun Baekhyun မင်းဘာဖြစ်နေတာလဲ ? "
- ဘာဖြစ်ရမှာလဲ -
- ခင်ဗျားကြီး သောက်ကျင့်ယုတ်လို့ ကြေကွဲ
ဝမ်းနည်းနေတာလေ -- မမြင်ဘူးလား -
" အဟင့် .. ဟင့် "
မေးသော်လည်း ပြန်မဖြေ ။ ရှိူက်မြဲသာရှိူက်နေ
သည့် Baekhyunဆီသို့ သူခြေလှမ်း တိုးသွား
လေလေ အနောက်သို့ ခြေလှမ်းဆုတ်ဆုတ်သွား
သောBaekhyunကြောင့် Chanyeol၏ထွက်မ
လာသေးသောဒေါသတို့မှာ ရုတ်ချည်းဆိုသလို
ပင် ထောင်းခနဲ ပွင့်ထွက်လာခဲ့၏ ။" Byun Baekhyun !!! မင်း အဲ့ဒီမှာ
ခြေတစ်လှမ်းမှမရွေ့ဘဲ ငြိမ်ငြိမ်ရပ်နေ ! ! "အမိန့်လို့ မဆိုနိုင်ပေမယ့် ။ အမိန့်နှင့် တူသော
စကားသံ ။ အင့်ခနဲ နှုတ်မှ အသံထွက်လျက်
ရောက်ရှိသွားခဲ့သော ရင်ခွင်ကျယ်ကြီး ။ဇီးကွက်တောင် အဖေခေါ်ရအောင် ပြူးကျယ်
နေရသော မျက်ဝန်းတစ်စုံ ။ရင်ဘတ်ထဲတွင် ကုလားဘုရားဝင်လှည့်နေ
သလို တဒုတ်ဒုတ်နဲ့ ကျယ်လောင်စွာ ခုန်နေ
သော အရာ ။နွေးလှတဲ့ Chanyeolရဲ့ရင်ခွင်ထဲက Baekhyun
တစ်ယောက် ပြန်မထွက်ချင်လောက်သည်အထိ
အမြဲ ထာဝရ တစ်သက်လုံးနေလိုချင်မိသည် ။