" Daddy က ကြွေ့ရဲ့ Daddy ပါ! Daddy မှာ ကြွေ့ကို ဆုံးမပိုင်ခွင့် အပြည့်ရှိတယ်"

ကြွေ ခပ်မဲ့မဲ့လေး တစ်ချက်ပြုံးလိုက်ပြီး...

" ဆုံးမပိုင်ခွင့်ရှိပေမယ့် ဒီလေသံမာမာကိုတော့ လက်မခံနိုင်ဘူး Daddy...... လေသံမာမာနဲ့ ဆူငေါက်ရတဲ့အထိ Daddy အပေါ် ကျွန်တော် ဘာမှ မကျူးလွန်ထားမိဘူး"

" သူစိမ်း တစ်ယောက်နဲ့ တစ်ညလုံးအတူရှိနေခဲ့တာကို......"

" အဲ့ သူစိမ်းက ကြွေ့ကို Birthday Cake ခွဲပေးတယ် Daddy"

ကြွေ ပြောပြီးတာနဲ့ အပေါ်ထပ် တက်ရန် မတ်တပ်ရပ်လိုက်တော့...

" Daddy တစ်ညလုံး ကြွေ့ကို ဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား?? အနည်းဆုံးတော့ Daddy ကို ပြောသွားသင့်တယ် "

ပြောင်းလဲ သွားသော လေသံနဲ့ Daddy ရဲ့စကားက ကြွေ့ရင်ကို ခဏတာ လှုပ်ခတ်သွားစေပေမယ့်......

လေတိုက်သွားသလို ...... တကယ့်ကို ခဏလေး......

" Congratulation ပါ Daddy ...... တစ်ညလုံး ပြန်မလာလို့ စိတ်ပူတယ်ဆိုတဲ့ ခံစားချက်ကို Daddy ခံစားလာနိုင်လို့ ... ဝမ်းသာပါတယ်"

မျက်နှာတစ်ချက်မပျက် အပေါ်ထပ်ကို တက်သွားတဲ့ ကြွေ့ကို ကြည့်ရင်း ဦးမင်းနောင်ကြိုး အံကို တင်းတင်းကြိတ်လိုက်မိသည်။

နဂိုကတည်းက သွေးအေးပေမယ့် ကိုယ့်ကိုယ် အဖေ တစ်ယောက်အနေနဲ့ အလေးထားခဲ့တဲ့ ကြွေ...

အခုတလော...

သိသိသာသာ ကလန်ကဆန်တွေ လုပ်လာတာ
တစ်ဖက်လူက ဘယ်လောက်တောင်မှ အားကိုးရာ ဖြစ်နေလို့လဲ??

သွေးနဲ့ရင်းထားတဲ့ အဖေထက်ပဲ ကောင်းနိုင်မှာတဲ့လား...

စောင့်နေလိုက် ကြွေ
မင်းအထင်မှားနေတာကို Daddy သက်သေပြပေးမယ်...

ကြွေကြိုး ဆိုတဲ့ Daddy တစ်ဦးတည်းသော သားရဲ့ အားကိုးရာက Daddy ပဲ ဖြစ်ရမယ်......

ကြွေက Daddy ပိုင်တဲ့ အဖိုးတန်ဆုံး စည်းစိမ် အတ္တ ပြယုဂ်လေး တစ်ခု ...။

~~~~~~~~~~~~~~~~~~~~~

Precious Club ရဲ့Dancing floor မှာ တီးလုံးသံတွေ ဆူညံနေပေမယ့် အပေါ်ထပ် ထောင့်ကျကျ စားပွဲဝိုင်း ဘက်တွေမှာတော့ တိတ်ဆိတ်လျက်...

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now