"ဟုတ်တယ်။ တကယ်လို့ စစ်သူကြီးသာ မိန်းကလေးရဲ့ ဒီပုံစံကို မြင်ရင် သူစိုးရိမ်နေလိမ့်မယ်။" Xiaoအိမ်တော်ထိန်းက အခိုင်အမာပြောလိုက်သည်။

Chu Zhu Yuက ဥယျာဉ်၏ ဝင်ပေါက်ကိုသာ စိုက်ကြည့်နေခဲ့ပြီး "သူ ကျွန်မကို တစ်ရက်မတွေ့ရင် ကျွန်မဒီနေရာမှာ တစ်ရက်ရပ်နေမယ်။ တကယ်လို့ သူက ကျွန်မကို ဆယ်ရက်မတွေ့ရင် ကျွန်မဒီနေရာမှာ ဆယ်ရက်ရပ်နေဦးမယ်။ သူကျွန်မကို ထွက်တွေ့တဲ့နေ့အထိ ကျွန်မဒီနေရာမှာ ဆက်စောင့်နေမှာပဲ။" သူ သူမကို ပြန်ပေးလာမည့် အဖြေတစ်ခုကိုသာ သူမလိုချင်ခြင်းဖြစ်သည်။

"မိန်းကလေး Chu ဘာလို့ခက်ခဲအောင်လုပ်ချင်နေတာလဲ။... စစ်သူကြီးက မိန်းကလေးကို စိတ်ပျက်သွားမှာကို တွေးကြည့်ပာဦး။." Liu Shan သက်ပြင်းချလိုက်သည်။

"အဲ့ဒာဆိုလည်း သူ့ကိုဒီလာပြီး ကျွန်မကို ကိုယ်တိုင်လာပြောခိုင်းလိုက်။..." သူမခောင်းက ပိုပိုပြီး မူးနောက်လာသည်။ သူမကိုယ်က နွမ်းနယ်လာပြီး ရပ်နေရန်ပင် ခက်ခဲလာသည်။ သူမအချိန်မရွေး လဲကျသွားနိုင်သည့်အထိ ခွန်အားများ ဆုတ်ယုတ်လာသည်။ Chu Zhu Yu မတ်တပ်ရပ်နေရန်ပင် ခက်ခဲလာသဖြင့် လက်သည်းများသုံးကာ သူမလက်ဖဝါးကို ထိုးဖောက်လိုက်သည်။ ဤနည်းလမ်းဖြင့်သာ နာကျင်မှုကို ခံစားနိုင်ပြီး သူမ နိုးကြားနေနိုင်မည်။

သူမလက်သည်းများက လက်ဖဝားကိုထိုးဖောက်သွားပြီး သွေးများတစ်စက်စက်ကျလာကာ သူမလက်ဖဝါးတစ်ပြင်လုံး သွေးများဖြင့်ရွှနြစ်သွားသည်။

"မိန်းကလေး....လက်မှာ!" သူမနောက်မှ အစေခံလေးက ငွေးများကို သတိပြုမိသွားပြီးဘအလန့်တကြားအော်လိုက်သည်။

Xiao Ren နှင့်Liu Shan သူမလက်မှ နီစွေးသော သွေးများစီးကျလာသည်ကို မြင်ရသောအခါ ထိတ်လန့်သွားကြသည်။ သူတို့ကဘအမြန်လူတစ်ယောက်ကို ပတ်တီးများယူလာခိုင်းလိုက်ပြီး သမားတော်ကိုပါပင့်ခိုင်းလိုက်သည်။

"မလုပ်နဲ့ ။! ကျွန်မ နာကျင်မှုကိုခံစားမိချင်တယ်။ မဟုတ်ရင် ကျွန်မသတိလစ်သွားပြီး ပြန်နိုးဖို့ ခက်သွားလိမ့်မယ်။" Chu Zhu Yu တည်ငြိမ်စွာပြောလိုက်သည်။

Let Me Hug And Sleep!Where stories live. Discover now