"ChanYeol သူကဘယ်သူ "

"JiWon Noona "

ကျွန်တော့်ကိုတစ်ခွန်းတည်းဖြေကာ
ထိုမိန်းမနား သွားရပ်ပြီးစကားတွေပြောနေသည်။

"ဆရာမ အဖြစ် ရောက်လာတာပေါ့ "

JongIn ကလည်းထိုမိန်းမနဲ့စကားတွေပြောနေသည်။
တကယ့် တကယ့်ကြီးကိုရင်ထဲမှာအဆင်မပြေပါ ။

နားချိန်ကြတော့လည်း ကန်တင်းကို
ခါတိုင်းလို YooJung နဲ့ပဲသွားရသည်။

ဒါ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတာလဲဆိုတာ
စဉ်းစားကြည့်လေ ။ရည်းစားရလည်းရနေပြီကို
ကန်တင်းကိုသူငယ်ချင်းနဲ့ပဲသွားရတယ် ။

အလေးမထားတာပေါ့ ။
တကယ့် တကယ့် တကယ့်ကြီးကို
စိတ်ထဲမှာ ဒေါသထွက်နေရသည် ။

"BaekHyun ဘာတွေဖြစ်နေတာလဲ
နင့်လက်ထဲက ပေါင်မုန့်ကလည်းတွန့်ကြေနေပြီ
စိတ်ထဲမှာဘာတွေမကျေနပ်နေတာလဲ "

လမ်းအတူတူလျှောက်နေရင်း
ဖြစ်ပျက်နေသည့် ကျွန်တော့်ပုံကိုသတိထားမိဟန်ဖြင့်
ဘေးက Yoojung ကမေးလာသည်။

သူမကိုဖြေဖို့ စောင်းကြည့်တော့
ရည်းစားနဲ့အတူတူရပ်နေသည့်သူမကို
မြင်ကာ ပိုဒေါသထွက်ရသည် ။

အတွဲတွေကြားကို ကျွန်တော်တစ်ယောက်တည်း
ကန့်လန့်ကြီးလိုက်ရှုပ်နေသလိုမျိုးကြီးဖြစ်နေတယ်လေ။

ကျွန်တော်လည်း သူတို့လိုမျိုး
ဖြစ်ချင်တာပေါ့ ။ အခုတော့ ဟို ChanYeol က
နားချိန် ကတည်းကပျောက်နေတာ
အခုထိမတွေ့သေး ။
သူနဲ့အတူတူ JongIn ပါပျောက်နေသည် ။

လူကိုရည်းစားစကားပြောတုန်းကပြောပြီး
အခုမှပစ်ထားတာ လုံးဝ လုံးဝမကျေနပ်ပါ ။
IG မှာတင်ထားတုန်းကကြ 1st Date ဘာညာသာတကာနဲ့ အခုကြတော့ !
Park ChanYeol !

*******

" ဇာတ်လိုက် လေးနေရာပျောက်နေပြီဟ ဟ ဟ
ဇာတ်ရံဖြစ်သွားရရှာပြီပဲ ကျွတ် ကျွတ်"

"အေးလေနော့ ဟိုကသူ့ကိုဘယ်နရက် တွဲမယ်လို့
စဉ်းစားထားလဲမှာမသိတာ"

Locker နားမှာတစ်ယောက်တည်း
စာအုပ်ရှင်းနေတုန်း ဘေးကနေ မထိတထိ
ရန်လာစနေသည့် မိန်းကလေးနှစ်ယောက်ကြောင့်
စိတ်ထဲသိပ်တော့ မကျေနပ် ။

Dating With A GangsterWhere stories live. Discover now