မြောက်​ဘက်​က​နေပြီး အ​ရှေ့ဘက်​ကျူံးကို ပြန်​​ရောက်​လာ​တော့ ​မှောင်​ရီပျိုး​နေပြီမို့ လမ်းမီး​တွေ​တောင်​ တဖျတ်​ဖျတ်​လင်းလာ​နေပြီ။ ဆိုင်​ကယ်​ကို ရပ်ထားခဲ့ပြီး ကျူံး​ဘေးက အုတ်​ခုံ​ပေါ်မှာ ထိုင်​​နေမိတယ်​။ ​မှောင်​ရီပျိုးစအချိန်​မှာ လက်​တွဲပြီးလမ်း​လျှောက်​​နေကြတဲ့ အတွဲ​လေး​တွေကို ​ငေးပြီး​တော့​ စဉ်းစားမိတာက လင်းနဲ့ဒီလိုညပိုင်းမှာ လက်​တွဲပြီး လမ်းမ​လျောက်​ဖူးဘူးပဲ....လို့ ​​တွေး​နေမိတယ်​။

"ချစ်​ . . . . . . ."

နားထဲမှာ​ လင်းရဲ့​ခေါ်သံလိုလို ကြားလိုက်​မိ​တော့.... အင်း လွမ်းလွန်းလို့ အသံပါ ကြား​ယောင်​​​နေပြီ​ပေါ့လို့ ​ရေရွတ်​လိုက်​​တယ်​.....။ ဒါ​ပေမယ့်​ သူ့ပခုံး​ပေါ်ကို လက်​ဖြူဖြူ​လေးတစ်​ဖက်​က ​ရောက်​လာပြီး . . .

" ချစ်​ "

"ဟင်​ . . . . လင်း ...လင်း ဘယ်​လို​... ဒီကို ... ​ရောက်​လာ..ဘယ်​တုန်းက"

အံ့သြပြီး စကား​တွေထစ်​​နေတဲ့ ချစ်​သူ​အောင်​ကိုကြည့်​ပြီး လင်းသူက ရယ်​​နေတယ်​။

" ​ဖြေး​ဖြေး​ပြောပါ ချစ်​ရယ်​။ ​နောက်​က ဘယ်​သူမှ လိုက်​မလာပါဘူး"

ပြောပြီး သူ့​ဘေးမှာ ဝင်​ထိုင်​လိုက်​တဲ့ လင်းသူကို ချစ်​သူ​အောင်​က ​ငေးကြည့်​​နေတယ်​။ အိမ်​မက်​များလားလို့​ပေါ့။

"ချစ်​.... လင်း​ကို ကြည့်​ပဲ​နေ​တော့မှာလား....စကား​မ​ပြော​တော့ဘူးလား။ ဒါမှမဟုတ်​​ပေးစရာ ဆင်​​ခြေ​တွေ မရှိ​တော့လို့လား။ တကယ်​လို့ မရှိရင်​လည်း လင်းပြန်​​တော့မယ်​"

ပြော​ပြောဆိုဆို ထိုင်​ရာက​နေ ထသွားတဲ့လင်းသူကို ချစ်​သူ​အောင်​က လက်​က​နေဆွဲချလိုက်​တယ်​။ ပြီး​တော့ ရင်​ခွင်​ထဲထည့်​ထားပြီး တင်းတင်းကျပ်​ကျပ်​ကို ဖက်​ထားလိုက်​တယ်​။

လင်းသူလည်း ရုတ်​တရတ်​ကြီး လူမြင်​ကွင်းမှာ အဖက်​ခံလိုက်​ရ​တော့ လန့်​သွားပြီး ချစ်​သူ​အောင်​ရင်​ခွင်​ထဲက​နေ အမြန်​ပဲရုန်းထွက်​လိုက်​တယ်​။ ​မှောင်​​နေလို့ ​တော်​​သေးတာပဲ​။

You Are The Other Half Of MeWhere stories live. Discover now