" အိမ်ပြန်ဖို့ ၃ နာရီနီးပါး ထိုင်စောင့်နေတယ်ထင်နေတာလား ကိုးမာန်?"

သွန်းမာန် ဘာမှ မတုံ့ပြန်နိုင်သေးခင်

" coffee သောက်ဖို့ရည်ရွယ်ထားတာမလား
coffee သောက်ပြီးမှ ပြန်တာပေါ့"

မိုးရေစက်လက်နဲ့ coffee ဆိုင်ကို ဦးတည်သွားသော ကြွေရဲ့နောက်မှာတော့

သွန်းမာန် ခပ်ဖျော့ဖျော့လေး ပြုံးကာ လိုက်ပါသွားရလေသည်။

ဒီကောင်လေး ...ခေါင်းမာပုံကတော့ တကယ်ပါပဲ...။

.
.
.
at pinky cafe

" ဒီနေ့ ဘာလို့ black coffee မသောက်တာလဲ ကြိုးလေး?"

အမြဲ black coffee သရဲက ဒီနေ့မှ ထူးထူးဆန်းဆန်း ice coffee မှာသောက်နေတဲ့ ကြိုးလေး......

" အေးလို့ ..."

" အမ်!"

ကြိုးလေး အဖြေက တုံးတိနိုင်သလို အံ့သြသွားစေတာကြောင့် ပါးစပ်အဟောင်းသားဖြစ် သွားရတဲ့ သွန်းမာန်...

အေးလို့ ice coffee သောက်သည်တဲ့လေ...

" ပူတဲ့ရာသီမှာ အေးတဲ့ အစားအစာ
အေးတဲ့ရာသီမှာ ပူတဲ့ အစားအစာ
အဲ့ဒါတွေက လူတွေက သူတို့လိုအပ်လို့ သူတို့တောင့်တလို့ သတ်မှတ်ထားကြတာတွေလေ...

တစ်ခါတစ်လေတော့လည်း လူတွေရဲ့ သတ်မှတ်ချက်ကနေ ခွဲထွက်ပြီး လုပ်ကြည့်တော့ စိတ်ဝင်စားစရာ ဖြစ်လာတာပဲ
ဒီ ice coffee လိုပေါ့... "

သွန်းမာန် ဘာမှ ခွန်းတုံ့ မပြန်ပဲ ငြိမ်ပြီး နားထောင်နေလိုက်သည်။

ကြိုးလေး တစ်ခုခု ပြောချင်နေတာ ...

" အေးတဲ့ အချိန်မှာ ice coffee သောက်တဲ့အခါ လူတွေအတွက် ထူးဆန်းနေသလိုမျိုး......

ဒုက္ခရောက်နေသူကို ကူညီရမယ်ဆိုတဲ့ သတ်မှတ်ချက်ကနေ ခွဲထွက်ပြီး မကူညီမိရင်လည်း လူတွေက တစ်မျိုးထင်ကြမယ် ထင်တယ်နော် ကိုးမာန်?"

သွန်းမာန် အံ့အားသင့်သွားရသည်။
ကြိုးလေး တကယ်ပဲ ပြောချင်နေတာဘာလဲ?

သူ roy ကို ကူညီတာ တွေ့သွားတာများလား??

" ကြိုးလေး ကိုယ်......"

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Tahanan ng mga kuwento. Tumuklas ngayon