Start from the beginning
သူ့လက်များက ပုတီးတစ်ခုကို ကိုင်ထားရင်း "ငါ လက်ထပ်ဖို့ကို တစ်ခါမှမစဉ်းစားဖူးဘူး။"
"....."Chu Zhu Yuဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ သူမနှင့်အနီးကပ်ဆုံးယောကျာ်းတွင်ပင် သူမအတွက် အခွင့်အရေးမရှိပေ။ အကယ်၍သာ သူမကလေးတစ်ယောက်ရနိုင်မည်ဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း။ ထိုသူသည်ကြည့်ကောင်းသူတစ်ယောက်ဖြစ်သောကြောင့် မွေးလာသောကလေးမှာလည်း ချောမောသူတစ်ယောက်ဖြစ်လာပေမည်။ သူမသတိမထားမိသေးခင်မှာပင် သူမကလေး၏ရုပ်ရည်ကို ပုံဖော်ကြည့်ပြီးနေပြီ။ တစ်ချိန်တည်းမှာပင် သူနှင့် ကလေးရနိုင်မည့် နည်းလမ်းကို သူမ တွေးနေမိသည်။
ရက်စက်စွာ လူမဆန်စွာ အရိုးများကို ချိုးပစ်တတ်သော စစ်သူကြီးနှင့်စာလျှင် ဤသူက သူမအတွက် အလုံခြုံဆုံးနှင့် အကောင်းဆုံးလက်တွဲဖော်တစ်ယောက်ဖြစ်နိုင်လိမ့်မည်။
သို့သော်ကံမကောင်းစွာဖြင့်ပင် သူက သူမအခန်းထဲ နေ့တိုင်လာသော်လည်း ညတိုင်း အဝတ်အစားအပြည့်အစုံဖြင့်သူမကို ဖက်အိပ်ရုံသာအိပ်သွားသည်။
သူ့ဦးခေါင်းက သူမရင်ဘတ်ပေါ်ရောက်လာလျှင်တောင်၊ သူမနှင့် အလွန်နီးကပ်စွာအိပ်လျှင်တောင် သူမ၏ လက်ဖက်ခြောက်နှင့်တူသောရနံ့ကို ရှုရှိုက်ရုံမှလွဲ၍ ထိုထက်ပိုသော မည်သည့် အပြုအမူကိုမျှမပြုလုပ်ပေ။
အတိုချုပ်ပြောရလျှင် Chu Zhu Yu သည် အစမှအဆုံးအထိ အပျိုစင်တစ်ယောက်သာဖြစ်နေသေးသည်။
ထို့အပြင် သူမသူ့ကို မြူစွယ်သော အကြည့်များပေးခြင်း၊ မျက်စိမှိတ်ပြခြင်းတို့ဖြင့် ဆွဲဆောင်သော်လည်း သူတုံ့ပြန်လာသော မျက်နှာထားက သူမကို ရူးကြောင်ကြောင်သာဖြစ်စေသည်။ "Zhu Yu မင်း မျက်လုံး ခိုက်မိထားတာလား။"
"...." ကျေးဇူးပြု၍ ကျွန်မက ရှင့်ကို မြူစွယ်နေတာလေ။ ရှင် သဘောပေါက်ဘုးလား။
ထိုအချိန်မှစ၍ Chu Zhu Yu လက်လျှော့လိုက်ပြီး Jue Qing၏ အိပ်မပျော်သောရောဂါကို ကုသရန်နည်းလမ်းကိုသာ စဉ်းစားတော့သည်။ သို့မှသာ သူမမြန်မြန်လွတ်လပ်နိုင်မည် မဟုတ်ပါလား။
Let Me Hug And Sleep!Where stories live. Discover now