တော်​ကြာ အကျင့်​စာရိတ္တမ​ကောင်းတဲ့နတ်​ လို့ ထင်​သွားရင်​ဖြင့်​ အမှတ်​​တွေ​လျော့ပြီး
ညစာ​တွေငတ်​ရချည်​ရဲ့ ...

''တိတ်​စမ်း... ဘယ်​လိုဖြစ်​ဖြစ်
မင်းရဲ့​ခွေး​ချေးက ငါ့ရဲ့မြင့်​မြတ်​လှစွာ​သော
ဝမ်း​တော်​တွင်း ​ရောက်​သွားတယ်​.. လိုရင်းကဒါပဲ.. ဒါ​ကြောင့်​အပြစ်​ရှိတယ်​.. ​သေဒဏ်​ပဲ..
မင်းလူ့ပြည်​ဒိုးလိုက်​​တော့.... ''

ဒေါသမျက်​ဝန်း​တွေဖြင့်​ကြည့်​ကာ
လက်​ညှိုး​ငေါက်​​ငေါက်​ထိုးပြီး ​ပြောလာတဲ့ Chanyeol ကို
Sehun အခုမှနည်းနည်းလန့်​လာသည်​....

ဘာလဲဟ... အတည်​ကြီးနှင်​ချ​နေတာလား..

''Chanyeol ah... ''

ကြားရရုံ​လောက်​ အသံ​လေးဖြင့်​ ​​ခေါ်ကာ
မျက်​နှာငယ်​​လေးဖြင့်​ကြည့်မိသည်​...

''အဲ့မျက်​နှာ လာမလုပ်​နဲ့ .. သနားရ​အောင်
ငါက Luhan လည်းမဟုတ်​ ''

ဟိန်းထွက်​လာ​သော သိကြားမင်းအသံ​ကြောင့်
ခန်းမထဲက လူ​တွေအားလုံးရဲ့ အကြည့်​က
Luhanဆီ​ရောက်​သွားသည်​...

Luhanက​တော့ ​ကြောင်​​တောင်​​တောင်​​လေးဖြင့်​ နတ်​မင်းကြီး​တွေကို ပြန်​ကြည့်​​နေရှာသည်​...

''​နောက်​ သုံးရက်​အတွင်း လူ့ပြည်​ဆင်းပြီး
လူလတ်​တန်းစားမိသားစုမှာ ပဋိသ​န္ဓေသွားတည်​ပါ... ဘဝအဆက်​ဆက်​ ​မြေမနင်းသူ​ဌေးသားလုပ်​လာရတာ ​တော်​သင့်​ပြီ​ပေါ့... ''

မရ​တော့ဘူး...
Sehun မျက်​ရည်​​တွေဝဲလာပြိ​..
သူက ရုပ်​တည်​ကြီးနဲ့ နှင်​ချ​နေတာ...

သိကြားမင်း လူစားထိုးခံရတာလား..
အရင်​က ​ကြောင်​​တောင်​​တောင်​ ရူးတူးတူး ငါ့သူငယ်​ချင်း Park Chanyeol​လေးကို ပြန်​​ခေါ်​ပေးကြပါ...😭
ဒီ​ကောင်​ကြီးက
အတည်​ကြီး နှင်​ချ​နေတာ....
Luhan​လေးနဲ့ မခွဲချင်​ဘူးလို့ 😭

''ကဲ.. ဒါဆို ညီလာခံသိမ်းကြတာ​ပေါ့..
Oh Sehun.. အထုပ်​ပြင်​ထားပါ.. ဒါပဲ.. ''

အီး ဟီး... ကယ်​ကြပါ....

ထိုစဉ်​...

Ring... Ring... Ring...

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now