''Chan ... ထတော့...''''Hunရေ... နေထွက်နေပြီ... ထတော့နော်.. ''
ကွပ်ပျစ်ပေါ်မှာ ပုဆိုးလေးတွေခြုံပြီး
ကွေးကွေးလေးအိပ်နေကြတဲ့ Chanyeol နဲ့ Sehun ကို
အသာအယာလေးနှိုးနေတာက
Baekhyun နဲ့ Luhan....မနက်စောစော ဈေးသွားမလို့အောက်ဆင်းလာတော့
ပုစွန်ထုပ်လေးတွေလို ကွေးကွေးလေးအိပ်နေကြတဲ့ ထိုနှစ်ယောက်ပုံစံကြောင့်
အတော်လေးသနားမိသလို
ကိုယ်တွေများ လွန်သွားသလားလို့တောင်
ပြန်တွေးကြည့်မိသည်....စဉ်းစားကြည့်မှ... သြော်... ဖောက်ပြန်နေတာလဲမဟုတ်...
သူများလင်တွေလို အရက်သောက် ဖဲရိုက် နေတာလဲမဟုတ်...ရိုးရိုးသားသား ဆိုက္ကားနင်းစား နေတဲ့
ချစ်ယောက်ျားလေးတွေမဟုတ်လား...တစ်ခါတစ်လေ အပေါင်းအသင်းဆုံလို့
နည်းနည်းပါးပါးသောက်တာလေးတော့ရှိမှာပေါ့လေ......ခွင့်လွှတ်သင့်ပါတယ်.. ဟုတ်တယ်ဟုတ်..?
''Chan na... ထပါတော့ဆို...''
'-အင်း~~~''
''ထတော့နော်... အိပ်ချင်ရင် အပေါ်မှာသွားအိပ်နော်..
အိမ်တံခါးဖွင့်ထားတယ်... ''နဖူးလေးကို တစ်ချက်အနမ်းပေးပြီး
ဈေးခြင်းတောင်းလေးဆွဲကာ
ထထွက်လာခဲ့လိုက်သည်...''Baby-ah... ကိုယ်လေ.. ကိုယ်က အရက်ကိုကြိုက်လို့သောက်တာမဟုတ်ပါဘူး... ဒီကဟာတွေက တာဝတိံသာကလို နှစ်ချို့စပါယ်ရှယ် အရက်တွေလည်းမဟုတ်တော့ ကိုယ်ကမကြိုက်ပါဘူး Babyရယ်... 😞 ''
ခြံတံခါးနားရောက်မှ ထွက်လာသောအသံကြောင့်
ခေါင်းငုံ့ကာ ခိုးပြုံးပြီး
သူ့ဘက်ပြန်လှည့်ကြည့်လိုက်တော့
ကွပ်ပျစ်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေတဲ့
သိကြားမင်း Park Chanyeolလေးက
ငုတ်တုတ်ကလေး....ခေါင်းကဆံပင်တွေကလည်း
ငှက်သိုက်လေးလိုပဲ.. ရှုပ်ပွလို့...
![](https://img.wattpad.com/cover/142557302-288-k982191.jpg)
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation