စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားသော
ပတ်ဝန်းကျင်အခြေအနေ......ခပ်အေးအေးလေက
ခန္ဓာကိုယ်ကိုဖြတ်တိုက်သွားတိုင်း
အသွေးအသားထဲထိ အေးစိမ့်နေအောင်
ခံစားရသည်...''ဘယ်လိုလဲ... ကျွန်တော်တို့ စီးချင်းထိုးကြမလား... ''
ဖြေးဖြေးမှန်မှန်ထွက်လာသော
Baekhyun အသံအဆုံး....
ကျယ်လောင်စွာထွက်လာသော
ဟားတိုက်ရယ်မောသံကြီးကြောင့်
Baekhyun အလိုမကျစွာ
မျက်မှောင်ကျုံ့လိုက်မိသည်...''ဘာရယ်.... မင်းက...
ငါနဲ့.... ဟားဟား.... လက်တစ်ဆုပ်စာပဲရှိတဲ့ ကောင်ကများ.... ဟားဟား... ''''ဟက်... ''
ခွက်ထိုးခွက်လန်နီးပါး
ရယ်မောနေသော ထိုဘီလူး၏ သဏ္ဍာန်သည်
Baekhyun ၏ ဒေါသတို့ကို တမင်ဆွနေသလိုပင်.....တစ်ချိန်တည်းမှာပင်....
တစ်ဖက်ရန်သူကို အထင်သေးတတ်လွန်းသည့်
ဒေဝယက္ခ၏ အသိအမြင်နည်းပါးမှုကိုလည်း
လှောင်ရယ်မိသည်....'' အပိုတွေပြောမနေဘဲ
သဘောတူလားမတူလားပဲပြောပါ.. ''ရယ်နေသော ဘီလူး၏ မျက်နှာသည်
Baekhyun စကားအဆုံးမှာ
ရုတ်ချည်းတည်သွားသည်....''ကောင်းပြိလေ.... စကြတာပေါ့.... ''
ဝုန်းခနဲထတောက်လာသော
မီးတောက်များသည် သူတို့နှစ်ယောက်အား
ဝန်းရံ၍ စည်းဝိုင်းသဏ္ဍာန် ခပ်ကျယ်ကျယ်ပေါ်ထွက်လာသည်......''မဆိုင်တဲ့လူ ဝင်ရှုပ်လို့မရအောင်ပါ ''
Baekhyun ၏ စကားကို
ထောက်ခံသည့်ပုံဖြင့် ဒေဝယက္ခက ခေါင်းငြိမ့်သည်.....Baekhyun ၏ ကျောပြင်မှ
တောင်ပံနက်တစ်စုံသည်
ဝံ့ကြွားထည်ဝါစွာ ထွက်ပေါ်လာသည်...ထို့အတူ
ဒေသယက္ခ၏ လက်တွင်း၌်လည်း..
၎င်း၏ ခန္ဓာကိုယ်တစ်ဝက်လောက်ရှိသော
တင်းပုတ်ကြီးသည်
ကြောက်ခမန်းလိလိ .........
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation