..
''ဝှါး.... morning Lu.. ''စွပ်ကျယ်လက်ပြတ်..
ကာတွန်းဘောင်းဘီတို..
ဆံပင်စုတ်ဖွားနဲ့ ထွက်လာတဲ့ Oh Sehun..''အီး...baby.. ဘာစားစရာရှိလဲ... ''
Oh Sehunနောက်ကနေ
အိပ်မှုံစုံမွှားနဲ့ ထလာတဲ့ Park Chanyeol...လူတစ်ယောက်ရဲ့ အလှစစ်ကို
အိပ်ရာထစ အချိန်မှာတွေ့နိုင်တယ်လို့
Baekhyunကြားဖူးသည်..ကိုယ့်ရှေ့မှာ အလှလွန် အလွန်လှ နေသော
၂ကောင်ကို ကြည့်ပြီး
Baekhyun ခေါင်းခါကာ စုတ်တသပ်သပ်လုပ်လိုက်မိသည်....သောက်ရမ်းကြီးကို နန်းဆန်လွန်းနေသော
မြင်ရတဲ့လူပါ ကြွေလွန်းပြီး
ဖျားချင်ချင်ဖြစ်သွားသည်....''ဘာကို ဘာစားစရာရှိလဲ လဲ...
ငါ ဟင်းချိုဇွန်းနဲ့ ကောက်ရိုက်လိုက်ရ..
သွား.. မျက်နှာသွားသစ် နှစ်ယောက်လုံး.. ''ဟင်းခပ်ဇွန်းကြီး ကို မြှောက်ကာပင့်ကာ
ခပ်တည်တည်ဖြင့် ပိတ်ဟောက်နေသော Luhan ....Sehun က ဇက်ကလေးပုကာ ရေချိုးခန်းထဲဝင်သွားပေမယ့်
အငြိမ်မနေနိုင်တာက Park Chanyeol...''အော်...ဟော်...
မင်းအခုဘယ်သူ့ကို လာအမိန့်ပေးနေတာလဲ..
ငါက .... ''ဆက်မပြောသေးဘဲ ဘေးဘီကို တစ်ချိုးရှိုးလိုက်သည်...
လူရှင်းတယ်.. ဆိုမှသာ Chanyeol စကားဆက်သည်..
''ငါက သိကြားမင်းကွ.. သိကြားမင်း..
မင်းလို လင်နောက်လိုက်လာတဲ့ နတ်သူငယ်ကများ ရာရာစစ... ငါ...တယ်...လေ... ''ပြောရင်းဆိုရင်း ဖြင့်
မျက်လုံးကြီး ပြူးကာပြူးကာ ဖြဲခြောက်နေသော Chanyeol ကို မြင်တော့ မထိန်းနိုင်ဘဲ
ခွိ ခနဲ ရယ်မိသည်....''အရှင်နော်.. အရှင်လည်း ဘာထူးလဲ..
နယ်နှင်ဒဏ်ခံရပြီး လူ့ပြည်ရောက်လာတာပဲလေ.. ပြောကြကြေးဆိုရင် ကျွန်တော်တို့ကတောင် အချိန်မရွေးနတ်ပြည်ပြန်လို့ရသေးတယ်..
အရှင်တို့က.... ''
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation