''မြတ်စွာဘုရား.. ! ''အလန့်တကြား ရေရွတ်မိသံနဲ့အတူ
လူကလည်း ထထိုင်မိလျက်သား..တင်ပါးနာနေတာတောင်
ဘယ်ရောက်သွားလဲမသိ..''Oh Sehun, Luhan.. ''
''ဟီး.... လာလည်တာ.. ''
အထုတ်ကိုယ်စီ လက်ကဆွဲကာ
သွားလေးအဖြီးသားနဲ့ အိမ်ထဲဝင်လာသော
သကောင့်သား နှစ်ကောင်ကို
ကြောင်တောင်တောင်ပင်ကြည့်နေမိသည်..ခပ်တည်တည်ပင် အထုတ်တွေပစ်ချကာ
ဖျာပေါ်တက်ထိုင်လာသော နှစ်ကောင်..''ဒါနဲ့ မင်းတို့က ဖင်ပွတ်တမ်းကစားနေကြတာလား... Luhan.. ကိုယ်တို့လည်း ဝင်ကစားကြရအောင်လား... ''
Sehunစကားကို Luhanက ထောက်ခံသည့်အနေဖြင့် လက်ဝါးစောင်း ထောင်ပြသည်...
Sehun ဇက်ကလေးပုဝင်သွားပြီး
သွားအဖြီးသားလေးဖြင့် ရယ်ပြတော့
Luhanက မျက်စောင်းထိုးသည်..''မင်းတို့ဘာလာလုပ်ကြတာလဲ.. ''
Baekhyun မေးသောမေးခွန်းကိုမဖြေခင်
Luhan က အသားကုန်သွားဖြီးပြသည်...ဘုရားဘုရား.. ဒီအနီးအနားမှာ
မကောင်းတဲ့အငွေ့အသက်တွေခံစားနေရပါလား..''ခိုးပြေးလာတာ.. ''
''ဘာ !!!!!!!!! ''
နှစ်ယောက်လုံးပြိုင်တူအော်လိုက်သံကြောင့်
ထိုနှစ်ကောင်မျက်နှာမှာ ဇီးရွက်လောက်သာကျန်လေသည်...''မရဘူး.. ခိုးရာပါပစ္စည်းလက်မခံဘူး..
ပြန်တော့.. သွား... ''လက်ကာပြကာ အသည်းအသန်မောင်းထုတ်ပေမယ့်
ဖင်နဲ့ကြမ်းနဲ့ကပ်ထားသလားထင်ရအောင်
ထိုင်နေရာကနေ တစ်စက်ကလေးမှကြွမသွားသော ထိုအတွဲကြောင့်
Chanyeol စိတ်ညစ်လာသည်...ဘယ့်နှယ်..
ခိုးပြေးလာရတယ်လို့..နတ်ပြည်မှာဘယ်သူမှတားမယ့်သူမရှိဘဲနဲ့
လူ့ပြည်ထိ ခိုးပြေးလာရအောင် ရူးနေကြသလားပဲ...
![](https://img.wattpad.com/cover/142557302-288-k982191.jpg)
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation