Part 11 (Z/U)

1.9K 110 18
                                    

Zawgyi

သူဒီနေ့ ဂျပန်ကိုထွက်သွားပြီလေ ။ ညကတော့ မအိပ်ဘဲ သူနဲ့အတူရှိနေပေးပေမဲ့ လေဆိပ်ကိုတော့ ကျွန်တော်မလိုက်ပို့ပေးဖြစ်ခဲ့ဘူး ။ ကျွန်တော်ငိုမိနေရင် သူ့အတွက်လည်း အဆင်မပြေဘူးမလား ။ သူကတော့ စာရေးခုံပေါ် ကျွန်တော့်အတွက်စာတစ်စောင်ထားခဲ့တယ်လေ...

ချစ်ရတဲ့ P'IAoon...

ကျွန်တော်သွားတဲ့အချိန်ဝေးသွားသလို P'အထီးကျန်သလိုခံစားရရင် ကျွန်တော့်ကိုအချိန်မရွေးဖုန်းလှမ်းဆက်ပေးပါနော် ။ ကျွန်တော်ကို P'IAoonရဲ့ ချစ်သူဖြစ်ခွင့်ပေးတဲ့အတွက် ကျွန်တော်သိပ်ပျော်မိတယ် ။ P'ကြိုက်တတ်တဲ့ Pink Milkတွေသောက်တိုင်းလည်း ကျွန်တော့်ကိုသတိရပေးပါနော် ။ ကျွန်တော် P'IAoonကိုသိပ်ချစ်တယ် ။

P'IAoonရဲ့ Kong...

ဖြစ်နိုင်ရင်တော့ ကျွန်တော်လည်းသူ့ကိုလေဆိပ်ကိုလိုက်ပို့ချင်တာပေါ့ ။ ဒါပေမဲ့လည်း အဲ့လိုသာလိုက်သွားရင် ကျွန်တော်ဆွဲထားမိလိမ့်မယ် ။ ကျွန်တော့်ကြောင့်နဲ့တော့ သူ့ရှေ့ရေးကို မထိခိုက်စေချင်ဘူးလေ ။

>>>

6 years later....

ဒီအတောအတွင်း ကျောင်းပိတ်ချိန်တိုင်းကျွန်တော်လည်း သူ့ဆီသွားလည်ဖြစ်သလို သူလည်း ကျောင်းပိတ်တိုင်းကျွန်တော့်ဆီကိုပြန်လာတယ်လေ ။ vcallတွေလည်းပြောဖြစ်သလို Messageတွေလည်း ပို့ဖြစ်တယ် ။ ဒီအခြေအနေနဲ့လည်း ကျွန်တော်တို့နှစ်ယောက် အသားကျအောင်နေထိုင်ကြရင်း ။
အနေတွေဘယ်လောက်ဘဲဝေးနေပါစေ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးသားထဲက ချစ်ခြင်းတို့ကနီးစပ်နေသ၍ ကျွန်တော်တို့ဝေးမသွားဘူးလေ။ ဒီနေ့ညနေဆိုသူပြန်လာတော့မယ် ။ ကျွန်တော်ရင်ခုန်ပြီး စိတ်လှုပ်ရှားနေသလို ပြောင်းလဲလာမဲ့ သူ့ပုံစံကလေးကိုလည်း မျှော်လင့်မိတယ် ။ အခုဆို ကျွန်တော်တို့ Paaတွေ စပ်တူဖွင့်ထားတဲ့ Companyမှာဘဲ အခြေတကျဖြစ်နေလေပြီ ။ Ocean Electric Campanyရဲ့ Productionအဖွဲ့ခေါင်းဆောင်အနေနဲ့ပေါ့ ။

At 11:00A.M

သူစီးမဲ့ Flightက ညနေ၆နာရီဆိုက်မယ်ဆိုတော့ ဒီအချိန်ဆို ကျွန်တော်သူ့အတွက် တခုခုဝယ်ထားသင့်တယ်မဟုတ်လား....

Love In The Heart ❤❤Where stories live. Discover now