Part 4 (Z/U)

2.4K 150 8
                                    

Zawgyi

ဒီပိတ်ရက်မှာ ကျွန်တော်ရယ်P'I Aoonရယ် P'prem ရယ်P'Tootaရယ်ခရီးသွားဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေ သွားဝယ်ဖို့ထွက်လာကြတယ် P'Knot နဲ့ Aimတို့ကတော့ လေယာဉ်လက်မှတ်သွားဖြတ်ကြတယ် Romeနဲ့P'Bright တို့ကတော့ တည်းခိုဖို့အတွက် စီစဉ်ကြတယ် တကယ်တော့ကျွန်တော်တို့ခရီးစဉ်ကို ပင်လယ်မဟုတ်ဘဲကျေးလက်ဒေသကို ရွေးဖြစ်ခဲ့ကြတယ် Ching MaiမှာကRomeအကိုရဲ့လိမ္မောခြံရှိတာကြောင့် ကျွန်တော်တို့တည်းခိုဖို့အတွက်လည်းအဆင်ပြေတယ်လေ ကျွန်တော်တို့ ChingMai မှာတစ်ပတ်လည်ပတ်ဖို့စီစဉ်လိုက်ကြတယ်
ChingMaiလိုသာယာပြီးအေးချမ်းတဲ့ ကျေးလက်ဒေသကို သွားရမှာဖြစ်တာကြောင့် ကျွန်တော်ရော P'I Aoonရော ကျန်တဲ့သူတွေအကုန်လုံးပါ ပျော်ရွှင်နေကြတယ်လေ....
မနက်ဖြန်မနက်ဘဲ ခရီးထွက်မှာဖြစ်လို့ ဒီညကတော့ လူစုပြီးအိပ်ဖြစ်ကြတယ်လေ P'I Aoon အိမ်မှာ P'Prem P'Toota P'Bright P'Knot တို့လာအိပ်ကြပြီး ကျွန်တော်အိမ်မှာ Romeနဲ့ Aim တို့ကလာအိပ်ကြတယ်လေ သေချာတာတခုက ဒီညမှာကျွန်တော်တို့တဖွဲ့လုံးခရီးအတွက်ရင်ခုန်နေကြတယ်ဆိုတာဘဲပါဘဲ ....

ဒီမနက် ကျွန်တော်တို့ခရီးသွားဖို့လူစုနေကြတဲ့အချိန် P'I Aoon ဆင်းမလာသေးလို့အပေါ်တက်သွားကြည့်တော့
အထုတ်တွေဆွဲပြီး ထွက်လာတဲ့ကျွန်တော့်ရဲ့P'IAoonလေး
ဝတ်ထားတာလေးကလည်းဗျာ shirtအင်္ကျီအကြီးကြီးကို ဒူးအထက်ဘောင်းဘီလေးနဲ့ ဦးထုပ်အနီရောင်လေးစောင်းပြီး မျက်မှန်လေးတပ်ထားတော့ပိုပြီးတော့တောင်ချစ်စရာကောင်းနေတဲ့ ကျွန်တော့်ရဲ့ P'I Aoonလေး ....

Kongpob : P'I Aoon Krup အထုတ်တွေ ကျွန်တော့ကိုပေးပါဗျ ကျွန်တော်ကူသယ်ပေးမယ်လေ

Arthit : ကျေးဇူးဘဲ Kong

Arthit's Maa : သားတို့ လမ်းခရီးမှာအစစအရာရာအဆင်ပြေပါစေနော်

Kongpob,Arthit : ကျေးဇူးတင်ပါတယ်နော် Maa

Arthit's Maa : သား Arthit  Kongလေးကိုသေချာဂရုစိုက်နော်

Arthit:ဟုတ်ကဲ့ပါMaaရယ်သားကိုကျတော့ နည်းနည်း တောင်မှစိတ်မပူဘူးပေါ့လေMaa စိတ်မကောင်းလိုက်တာ

Arthit's Maa : Kongလေးရေ မင်းရဲ့ P'I Aoonကတော့ Maaကိုကပ်ချွဲနေပြန်ပြီ

Kongpob : Maaစိတ်ချပါနော် ကျွန်တော် P'I Aoon ကိုသေချာဂရုစိုက်မှာပါ

Love In The Heart ❤❤Where stories live. Discover now