Part 13 (Z/U)

2K 104 12
                                    

Zawgyi

ညမအိပ်ခင် စာဖတ်လေ့ရှိသော ကျွန်သော် အခုလည်းမအိပ်ခင် စာအုပ်စင်မှ စာအုပ်တစ်အုပ်အား ဖတ်နေလေသည် ။

ဒေါက်....ဒေါက်.....

Kong's Maa : Kongလေး မား ၀င်ခဲ့မယ်နော်

Kong : ဟုတ်ကဲ့

ဖက်လက်စစာအုပ်အား ကုတင်ဘေးကစားပွဲထက်၌ ခဏချထားလိုက်သည် ။

Kong's Maa : သား စာဖတ်နေတာလား မား အနှောက်ယှက်ပေးမိပြီ

Maaလက်ထဲက နွားနို့ခွက်အား ကျွန်တော့်ကိုပေးကာ...

Kong's Maa : နွားနို့ပူပူလေးသောက်လိုက်ဦး

Kong : ဟုတ်ကဲ့

Kong's Maa : မားရဲ့သားလေးတောင် အရွယ်ရောက်လာပြီဘဲ

Maaကျွန်တော့်ဆံပင်လေးအား ပုတ်ကာပြောလာသည် ။

Kong : ပါးကော အိပ်သွားပြီလား မား

Kong's Maa : မအိပ်သေးဘူး စာဖတ်နေတယ်

Kong : ကျွန်တော် မားနဲ့ ပါး ကို ပြောစရာရှိတယ်

Kong's Maa : သားနဲ့ သားArthitတို့ အကြောင်းလား

Kong : မားက....သိနေတာလား

Kong's Maa : အို...သားရယ် မား ကဘယ်သူလဲ
Kongရဲ့ ကိစ္စတွေမှာ မား မသိတာရှိခဲ့လို့လား

Kong : ဟီး... ဒါနဲ့ ပါးကကော လက်ခံပါ့မလား

Kong's Maa : မား သွားပြောကြည့်ပါဦးမယ်

Kong'sPaaသည်အနေအေး၍ အရာရာကိုခေါင်းအေးအေးထား ဖြေရှင်းတတ်သူတစ်ယောက်ပင်။ အလုပ်၌သာအချိန်ပေးထားသော်လည်း Kongတို့သားအမိနှစ်ယောက်အပေါ် ဂရုစိုက်မှုကလျော့မသွားပေ။ထို့ကြောင့် Kongသည်ပါးကိုချစ်သလို လေးလည်းလေးစားသည်။ သို့သော်ငယ်စဉ်တည်းက ပါးကိုကြောက်လည်းကြောက်ရသည် ။ Kongစိုးရိမ်မိသည်ကား သူနှင့် P'IAoonတို့ ချစ်နေကြသည်ကို Paaလက်မခံမည်ကိုပင် ။

တစ်ဖက်တွင်လည်း....

Arthitတစ်ယောက် အပေါ်ထပ်ဧည့်ခန်း၌ ရုပ်ရှင်ထိုင်ကြည့်နေလေသည် ။

Arthit's Maa : မအိပ်သေးဘူးလား Arthit

Arthit : ဒီဇာတ်လမ်းပြီးရင် အိပ်တော့မှာပါ မားရဲ့

Love In The Heart ❤❤Where stories live. Discover now