ခန​နေလို့ clown ရုပ်​ကြီးက က​လေး​တွေကို တစ်​​ယောက်​ချင်းစီလည်း လိုက်​​ခြောက်​​ရော နဲနဲပဲ ​ကြောက်​တဲ့လူက များများဖြစ်​လာတယ်​။ သရဲက မလာ​သေးဘူး အသံကြားတာနဲ့ မျက်​လုံးနှစ်​လုံးကို စုံပိတ်​ပီး သူ့ကိုလှမ်းလှမ်း​မေးတာက ရယ်​ရတယ်

" သရဲလာပီလား ဟင်​ ... ဘာလုပ်​လိုက်​တာလဲ ... ကိုက်​စားလိုက်​ပီလား နဲ့ "... ကိုယ့်​ဘာသာ မကြည့်​ရဲတိုင်း အကုန်​​မေး​တော့တာပဲ ...။ သရဲမရှိ​တော့ဘူးလို့ ​ပြောမှပဲ မျက်​လုံးကို ရဲရဲဖွင့်​တော့တယ်​။

မျက်လုံးကို စုံမှိတ်ထားတဲ့ ချစ်​သူ​အောင်​ကိုကြည့်​ရင်း ရုတ်​တရတ်​ပဲ ​တွေးမိလိုက်​တယ်​။ ​​တကယ်​​တော့ သူ့ကို​အမြဲပျော်​ရွှင်​​စေတဲ့သူက ချစ်​သူ​အောင်​တစ်​​ယောက်​တည်းပဲ ဆိုတာကို​ပေါ့။ ချစ်​သူ​အောင် ​သူ့အနားရှိတဲ့အချိန်​တိုင်း စိတ်​ညစ်​စရာ​တွေက အ​​ဝေးကို​ရောက်​သွားတတ်​တယ်​။ သူက ရွယ်​တူ​လို ဆက်​ဆံ​ပေမယ့်​လည်း အကိုကြီးတစ်​​ယောက်​လို အမြဲအလိုလိုက်​ပီး နှစ်​သိမ့်​​ပေးတာလည်း ချစ်​သူ​အောင်​ပဲ.......။ ချစ်​သူ​အောင်​က သူ့အတွက်​ မရှိမဖြစ်​ လိုအပ်​တဲ့ essential ​လေးပဲ။ သူ့ရင်​ထဲက ​ဝေ​ဝေဝါးဝါး ခံစားချက်​​တွေက အခုမှ ပီပြင်​သွား​တော့တယ်​။ ဒါ​ကြောင့်​မို့ လူ​တွေက​ပြောကြတာ .... " ကိုယ်​ချစ်​တဲ့သူက ကိုယ့်​ကို​ပျော်​ရွှင်​​စေတယ်​ " တဲ့​လေ။ တနည်း​ပြောရရင်​ " ကိုယ့်​ကို​ပျော်​ရွှင်​​စေတဲ့သူက ကိုယ်​ချစ်​တဲ့သူပဲ​ပေါ့​"

" ........ ....... ... "
" လင်း .... ​သရဲသွားပြီလားလို့ ... "

သူဒီ​လောက်​​မေး​နေတာ​တောင်​ မ​ဖြေ​တော့ ချစ်​သူ​အောင်​လည်း ​ကြောက်​​ကြောက်​နဲ့ မျက်​လုံးဖွင့်​ကြည့်​လိုက်​တဲ့အချိန်​ .... လင်းသူက ရုတ်​တရတ်​ သူ့ဘက်​ကို ကိုင်းပြီး သူ့နှုတ်​ခမ်းကိုနမ်းလိုက်​တယ်​။ ခုနက သရဲကိုမြင်​လို့ ​ကြောက်​​နေတဲ့အရှိန်​ပါ​ပေါင်းပြီး ရင်​ထဲမှာ​တော့ ,,,.. ဒုတ်​ .... ဒုတ်​ ..... ဒုတ်​ .. ဒုတ်​ နဲ့ကို ခုန်​​နေ​တော့တာပဲ

လင်းသူက​​တော့ ​ပေါက်​​ပေါက်​ဆုပ်​စားထားတဲ့ ချစ်​သူ​အောင်​နှုတ်​ခမ်း​က ဘာလို့ ဒီ​လောက်​​မွှေးပြီး အိ​နေပါလိမ့်​လို့ ​တွေး​နေတယ်​ .....။ စိတ်​ထဲမှာ​တော့ေ​ပါက်​​ပေါက်​ဆုပ်​​တွေက ချစ်​သူ​​အောင်​နှုတ်​ခမ်း​ပေါ်​ရောက်​မှ ပိုပီး​အနံ့​မွှေးလို့ ချို​နေသလိုပါပဲလား။ နောက်​ဆို ​ပေါက်​​ပေါက်​ဆုပ်​ပဲ အမြဲစားချင်​​နေ​တော့မယ်​ ထင်​တယ်​​။

You Are The Other Half Of MeWhere stories live. Discover now