မသိစိတ်ရဲ့ လှူံ့ဆော်မှုက စဉ်းစားနိုင်စွမ်း ထက် ပို မြန်သွားသော အခိုက်အတန့်......
စိတ်၏စေရာဆိုတာ ဒါမျိုးပေါ့...

ကိုယ့်အတွေးနဲ့ ကိုယ် ကြွေ ပြုံးလိုက်မိသည်။
ထို့နောက် ...

ကိုးမာန် လက်ထဲက coffee ခွက်ကို ယူပြီး ခုံမှာ ထိုင်လိုက်လေသည်။

မျက်နှာချင်းဆိုင်မှာ ကိုးမာန် ဝင်ထိုင်ရင်း...

" ဒီ အချိန်ကြီး coffee သောက်တော့ မင်း ဘယ်လိုလုပ် အိပ်ပျော်တော့မလဲ?

" coffee သောက်လည်း အိပ်တာပါပဲ... အိပ်ချင်ပြီဆိုရင် coffee တောင် အိပ်ဆေးဖြစ်သွားနိုင်တာ..."

သွန်းမာန် ဘာမှ ဆက်မပြောပဲ coffee သာသောက်နေလိုက်သည်။
coffee မွှေနေရင်း အတန်ငယ် ငြိမ်သွားတဲ့ ကြိုးလေးဆီက ထွက်လာတဲ့စကားသံလေး......
.
.
.
.

" ခင်ဗျား သူ့ကိုအဲ့လောက်ထိ ချစ်တာပဲလား??"
.
.
.
ရုတ်တရက် နိုင်လှတဲ့ မေးခွန်းကြောင့် သွန်းမာန် ခဏလေး ကြောင်တောင်တောင် ဖြစ်သွားရသည်။

" ခင်ဗျား စိတ်တံခါးတွေ အကုန်ပိတ်ပြီး နောက်လူ ဝင်မရအောင် တားထားရလောက်တဲ့ အထိ ............ သူ့ကို ချစ်ခဲ့တာလား??"

သွန်းမာန် အဖြေ မလာခင် ထပ်မေးခွန်းထုတ်လာပါသော ကြိုးလေး...

" ငါ မင်းနဲ့ ဒီ အကြောင်းတွေ မပြောချင်ဘူး ကြိုးလေး"

" ပထမဦးဆုံးအကြိမ် ... လူ တစ်ယောက်နောက်ကို လိုက်လာခဲ့မိတာ...
ပထမဆုံး အကြိမ် ခဏခဏ တွေးနေမိတာ...
တွေးမိတိုင်းလည်း အတူရှိနေချင်မိတာ... တစ်နေ့ထက်တစ်နေ့ ဒီခံစားမှု အပေါ်မှာသာယာနေမိတဲ့ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့လို့.........

အဲ့လိုတွေ ခဏခဏ ထူးဆန်းနေလွန်းလို့ ခင်ဗျား နဲ့ ပတ်သတ်တဲ့ စိတ် ကို တိတိကျကျ သိရမှ ဖြစ်တော့မယ် ကိုးမာန်"

သွန်းမာန် နှုတ်ခမ်း တင်းတင်းစေ့ထားလိုက်မိသည်။
သူစိတ်ပူနေတာတွေ မြန်မြန် ဆန်ဆန် ကို ဖြစ်လာနေတော့တာပါလား......

မဖြစ်ပါ......
ဒီကောင်လေး သူ့ကြောင့် စိတ်ထိခိုက်ရ မှာကို မလိုလား......

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now