EPISODE 16 [ FINAL ]

6.9K 297 31
                                    

A/n : မပါလိုက်ရသော kiss scene များ ဒီအခန်းတွင် အများကြီး ပါတယ်နော် ♥️

" Hyung .. ထွက်သွားတော့မလို့လား ?"

" အင်း .. ငါစဉ်းစားပြီးသွားပြီ ... "

ကုတင်ပေါ်က ပြန့်ကျဲနေသောအဝတ်အစားများကို တစ်ခုချင်းစီ ခေါက်ရင်း ခရီးဆောင်အိတ်ထဲသို့ Baekhyun ထည့်လေသည် .. ။

" ဘာလို့ ထွက်သွားမှာလဲ ? ဘယ်ကိုလဲ ?"

JongIn အခန်းထဲသို့ဝင်လာရင်း မေးလိုက်သည် .. ။ Hyung Baekhyun ဘယ်ကိုသွားမလို့လဲ ? သူတို့ကို ထားသွားတော့မှာလား ဟုတွေးရင်း ...

" အာာ ..  ပြင်သစ် ကိုသွားမလို့ .. "

" ဟမ် ဘယ်လို ?ဘယ်နှစ်ရက် ကြာမှာလဲ ? "

" ၁ နှစ် .. "

" ဟင် အဲ့လောက်တောင် ?"

" ဟုတ်တယ် .. တခြားနိုင်ငံတွေကိုပါ လည်ပတ်မလို့လေ "

ကုတင်ပေါ်ကနေ အိပ်ငိုက်နေသော Winwin ရဲ့ မျက်လုံးအစုံတို့ ပြူးကျယ်သွားခဲ့သည် ... ။

" စိတ်မပူပါနဲ့ .. ငါ ပိုင်တဲ့ CY's paradise ကိုWinwin လက်ဆောင်ပေးခဲ့မယ်လေ .. အင်း .. နာမည်ကတော့ ပြောင်းချင် ပြောင်းလိုက်လေ .. Cafe ကိုတော့ JongIn ယူလိုက်လေနော် .. "

" အင်းပါ .. ကျွန်တော်တို့ လိုက်ခဲ့ပေးရမလား ?"

Winwin က Baekhyun ၏လက်မောင်းကို ကိုင်ရင်း ကပ်ချွဲရင်း မေးလိုက်သည် .. ။

" တော်ပါ .. ဖယောင်းတိုင်ရယ် .. bar သာ ဒေဝါလီ မခံလိုက်ရစေနဲ့ ... "

" Hyung နော် ... "

Winwin နှုတ်လမ်းထော်ရင်း ရန်ပြန်တွေ့လိုက်သည် ... ။

" ဒါနဲ့ Hyung .. flight က ဘယ်အချိန်လဲ ?"

" မနက်ဖြန် ၈:၀၀ နာရီ လေ Kai "

" အော် .. လိုက်ပို့ပေးမယ်လေ Hyung baek "

" အင်း .. အခု ည ဘက်ရောက်ပြီဆိုတော့ အိပ်ကြတော့ သွားသွား .. မနက်ဖြန်လည်း ထကြရဦးမယ် "

Kai နဲ့ Winwin လည်း Baekhyun အခန်းထဲမှ ထွက်သွားတော့မှ Baekhyun သက်ပြင်း အကြာကြီးချပြီး အိပ်ရာပေါ်သို့ လှဲချလိုက်လေသည် ...

" chan .. ဒီနေ့က တစ်လေတည်း တစ်မြေတည်း နေရတာ နောက်ဆုံးဖြစ်မယ်ထင်တယ် .. နှုတ်ဆက်ခဲ့ပါတယ် .. မုန်းလို့ မရမဲ့ အတူတူ မေ့လိုက်ကြရအောင် .. "

So I Married A Sasaeng [ COMPLETED ]Where stories live. Discover now