EPISODE 5.5

2.8K 205 3
                                    

5.5 : Trip to your heart

Baekhyun တစ်ယောက်လေယာဉ်ပေါ်ရောက်တာနဲ့ ယုတနှင့်နေရာလဲရင်း Chanyeol ဘေးသို့ရောက်လာခဲ့သည် ။

" Annyeong ! Chanyeol ssi !"

Chanyeol တစ်ယောက် အိပ်ငိုက်နေရင်းဘေးက ကြားလိုက်ရသောအသံကြောင့်လန့်ဖျန့်သွားသည် ။

" Baekhyun ssi ... "

" ကျွန်တော်ထိုင်မယ်လို့ "

Chanyeol ကဘာမှတောင်မပြောရသေး Baekhyun တစ်ယောက်လှစ်ခနဲဝင်ထိုင်လိုက်သည် ။
Chanyeol ခမျာ ဘေးမှာ သူ့ညီ Yuta လာထိုင်မည်ဟုလဲပြောချင်သော်လည်း အားနာပြန် ။ ဟူးး

" အို ဘာလို့ သက်ပြင်းတွေချနေတာလဲဟင် Chanyeol ?"

Baekhyun တစ်ယောက်ပြာပြာသလဲလဲနှင့်မေးလိုက်သည် ။

" အိုး ဘာမှမဖြစ်ပါဘူး .. နည်းနည်းပင်ပန်းပြီး ဇက်ကြောတက်နေလို့ ပါ "

Chanyeol တစ်ယောက် သူ၏ လက်ပေါ်သို့ လာတင်သော Baekhyun ရဲ့လက်ကို ဘေးသို့ချလိုက်ပြီး ပြောလိုက်လေသည် ။

" အယ် ဇက်ကြောတက်တယ်ဆိုတာ အခန့်မသင့်ရင် သေနိုင်တယ် Chanyeol ရဲ့ "

Chanyeol တစ်ယောက် Baekhyun ၏ စကားကြောင့် သွေးတောင်တက်ချင်သွားတယ် ။

" ကျွန်တော် ဇက်ကြောတက်ပြီးသေတယ်ဆိုတာ မကြားဖူးပါဘူး Baekhyun ssi ရဲ့ "

" အို အို ... ရှိတယ် Chanyeol ssi ရဲ့ ! ကျွန်တော့် အဒေါ်ဆို ဇက်ကြောတက်လို့ဆိုပြီး နှိပ်လိုက်တာ ဇက်လိမ်သေသွားလို့လေ "

Chanyeol ကြက်သီးပင်ထသွားသည် ။
Baekhyun ssi ပြောတာလည်းမှန်သားလို့ စဉ်းစားလိုက်မိသည် ။

" အင်း ဟုတ်တော့ ဟုတ်တယ်နော် .. ဘန်ကောက်ရောက်မှ ကျွမ်းကျင်တဲ့ အနှိပ်သည် ကိုခေါ်ခိုင်းပြီး နှိပ်ရမယ် "

Baekhyun တစ်ယောက် ကိုယ့်ရှူးကိုပြန်ပတ်တေသည် ။
အဲ ကိုယ်ကမရှိတာတွေလျှောက်ပြောတာကို ဒင်းက ယုံပီး pro တွေမှ နှိပ်ခိုင်းမယ်ဆိုပဲ အိမ်း မဖြစ်ဘူး အဲ့ အနှိပ်သည်သာ မိန်းမဆို ဒင်းကို ဘူးမှာ ။ ကြံစမ်း Baekhyun ....
Baekhyun တစ်ယောက် လက်သည်းကိုက်ရင်း စဉ်းစားလိုက်သည် ။
အာာာ သိပြီ !

" Chanyeol ssi .. အနှိပ်သည်ဆို ပိုက်ဆံကုန်ပါတယ် ပြီးတော့ အပြင်လူဆိုတော့ ဘာ rumor ညာ rumor ထွက်နိုင်တယ်လေ ... အဲ့ဒါကြောင့် ကျွန်တော်ပဲ နှိပ်ပေးမယ် .. no money to waste ပေါ့ ဟီးဟီး "

So I Married A Sasaeng [ COMPLETED ]Where stories live. Discover now