EPISODE 10

2.4K 210 23
                                    

10 : My Hateful C's ex

ဟန်မြစ်ဘေးတွင် ယွပိုးထိုးနေသော လူသုံးယောက် ကို လူအများစုက မျက်စိနှောက်စွာနှင့် ဝိုင်းကြည့်နေကြသည် .... ။
ထို လူသုံးယောက်ကတော့ ဇာတ်လမ်းကျော် Winwin , Baekhyun နှင့် JongIn ပင် ။

" ရား သောက်ကလေးတွေ အခုရပ်စမ်း ... မနေ့က မင်းတို့ငါ့ bar မှာ သောင်းကျန်းခဲ့ကြတယ်ဆို ! ပုလင်းတွေလည်းကွဲ ! ရန်တွေလည်းဖြစ်ဆို ? .. အာ နောက်ပြီး alcohol တွေကို ငါအရင်းပြုတ်အေင် သောက်ဖြစ်တယ်ဆို !!! ငါ့ကို Chen အကုန်တင်ပြတယ် "

[A/n : Baekhyun မှာ CY's paradise ဆိုတဲ့ bar တစ်ခုရှိတယ်နော် .. အဲ့တာကိုလည်း Chapter 2 မှာ ဖော်ပြထားတယ်နော် !]

" အသည်းကွဲနေလို့ Hyung baek ကလည်း "

Winwin ကမူ ပြေးနေရင်း အနောက်တွင်ပြေးလိုက်လာသော Baekhyun အား ပြန်ပြောနေ၏ ။

" အသည်းကွဲရင် အရက်သောက် .. ရန်ဖြစ်ရင် ပျောက်တယ်ပြောလို့ လို့ ... "

" တော်စမ်း ! သောက်ကျိုးနည်း တွေ .. ငါ အခုအရင်းပြုတ်ပြီ .. မင်းတို့ အိမ်ပေါ်ကဆင်း "

အိမ်ပေါ်ကဆင်းဆိုတော့ နှစ်ကောင်သား မျက်လုံးပြူးသွားပြီလေ ...
အရိုက်တော့ခံလိုက်မယ် .. လမ်းဘေးသို့အရောက်မခံနိုင်ပါ ...

ထို့ကြောင့် နှစ်ယောက်သား Baekhyun စီပြေးသွားပြီး Baekhyun ရဲ့လက်နှစ်ဖက်ကို တစ်ဖက်စီ ဆွဲကာ ..

" Hyung Baekbaek နောက်တစ်ခါ မလုပ်တော့ဘူးလေနော် .. တရုတ်ကတိ ပေးတယ်လေနော် "

" ကျွန်တော်တို့ မနေ့ညက မူးသွားလို့ပါ Hyung ! ခွင့်လွှတ်ပေးပါ "

Kai နှင့် Winwin တို့ Baekhyun အား ချစ်စဖွယ် အမူအရာလေးတွေလုပ်ပြကာ ဆိုကြလေရဲ့ ..
ဒီလို လုပ်ပြတော့ Baekhyun တို့ အရည်ပျော်ပြီ ထင်နေလား !!

" သေနာလေးတွေ .. နောက်တစ်ခါလုပ်ရင် သေပြီသာမှတ် "

ပြောလည်းပြော ကျောကုန်းတွေကို ဗြန်းကနဲချကာ .. Winwin နှင့် Kai ကတော့ နာသည်ဟု အကျယ်ကြီး အော်ပြောကြလို့ ယုတ်စွအဆုံး ရေထဲက ငါးတွေတောင် နားပိတ်ထားရသည် .. ။

ဟိုပြေး ဒီပြေး လုပ်ကြရင်းမှ နောက်ဆုံး လက်မြောက် အရှုံးပေးပြီး မြက်ခင်းပြင်ပေါ်မှာ မြစ်ဘက်သို့ မျက်နှာမူပြီး ထိုင်လိုက်ကြမှ ဟန်မြစ်ဘေးက တိတ်ဆိတ်သွားသည် .... ။
ဒါတောင် လက်ကမငြိမ်ကြသေး ။
ကျောက်တုံးသေးသေးလေးတွေယူပြီး ရေထဲသို့ပစ်နေကြသေးသည် .. ။
ဟန်မြစ် ကနေ ဟန်မြေ ဖြစ်ဖို့ အလားအလာတော့ရှိနေပါသည် ... ။

So I Married A Sasaeng [ COMPLETED ]Where stories live. Discover now