" မင်းအမှန်အတိုင်းမပြောသေးဘူးလား ?"
" ... "
အမှုစစ်တစ်ယောက် ရှေ့တည့်တည့်တွင်ထိုင်နေသော လူကိုကြည့်ရင်း စိတ်ညစ်လာသည် ... ဘာလို့ ဒီလောက်ခေါင်းကြောမာနေရတာလဲကွာ ! ဟုတွေးရင်း ....
" မင်း အမှန်တိုင်း ... "
" ရှေ့နေခေါ်ပေး ... !"
" ဟမ် ?"
" ဟုတ်တယ်လေ .. ကျွန်တော့်မှာ ရှေ့နေခေါ်ခွင့်ရှိသေးတယ်မလား .. drama ကားတွေထဲမှာလည်း ဒီလိုပဲလေ မဟုတ်ဘူးလား ?"
ဒီကောင် ရူးနေတာပဲဟု စခန်းမှူးတွေးလိုက်သည် ... ။
" သက်သေ တစ်ယောက်လုံးကြီးရှိနေပြီ့းပြီလေ .. ဒါကို မင်းက ထောင်ကျမဲ့ အတူတူ ရှေ့နေခေါ်ဦးမှာလား ?"
" မသိဘူးလေ .. ခေါ်ချင်ခေါ်မှာပေါ့ .. "
ပြောလည်းပြော မျက်နှာနားသို့ တိုးကပ်လာသော လူကြောင့် စခန်းမှူးနောက်သို့ဆုတ်မိလိုက်သည် ... ။
" အော်ဟော .. လန့်သွားတာလား haha .. Kim Seobin သေတုန်းကအတိုင်းပဲ .. သူ့ခမျာ လန့်နေရှာတာ .. !"
" ဟမ် ?"
" အော် ဒါနဲ့ ကျွန်တော့်နာမည် Byun Baekhyun နော် .. ဒါနဲ့ ph တစ် call လောက် ဆက်ခွင့်ရှိမလား ?"
" မင်းက ဘာလုပ်မလို့လဲ ?"
" Kim Seobin အလောင်းကို အပိုင်းပိုင်း ခုတ်ခိုင်းမလို့ .. ဟားဟား စတာပါ .. ကျွန်တော့်ညီတွေဆီ ဖုန်းခေါ်ချင်လို့ လေ !"
" ငါ့ရှေ့မှာ ပဲဖုန်းခေါ် .. အော် မင်းက အာမခံနဲ့ လာထုတ်လည်းမရဘူးနော် ! တရားရုံးက မနက်ဖြန် စီရင်ချက်ချမှာ ... "
" အော်ဟော .. လောလှချည်လား .. အဓမ္မအမှုတွေကျတော့ ဟိုရက်ရွေ့လိုက်ဒီရက်ရွေ့လိုက်နဲ့ .. ကျွန်တော့်လို မဖြစ်စလောက်လေး လူသတ်တာကျတော့ မနက်ဖြန်တဲ့ဟက် .. ကောင်းတော့ကောင်းသားပဲ chan က ကျွန်တော့်ကိုပျောက်ကွယ်သွားချင်နေတာကို .. "
" လူသတ်တာလေ !! မင်းတော့ရူးနေတာပဲ .. ရော့ ဒီမှာ ဖုန်း .. ငါအပြင်ဘက်ကနေ မင်းကိုစောင့်ကြည့်နေမယ် .. ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်မကြံနဲ့ ကောင်လေး .. "
YOU ARE READING
So I Married A Sasaeng [ COMPLETED ]
RomancePairing : ChanBaek Side OTPZ : KaDi , YuWin Category : Romance , Drama , Fan fiction Language : Myanmar Description : Who says Sasaeng fan can't be idol's lover ... ? Baekhyun , A Sasaeng , may be has acerbic-heart but everyone will change when...