အပိုင်း - ၁၅ (z+u)

Start from the beginning
                                    

"ဟေ... ပြန်တော့မလို့လား" ဖုန်းသုံးနေရာမှ မယုံသင်္ကါဟန်ဖြင့် လှမ်းမေးလာသဖြင့် သူ စိတ်မရှည်ချင်တော့။

"အင်း... ပြန်ကြစို့... မစောင့်တော့ဘူး"

"အေး အေး ဒါဖြင့်လည်း သွားစို့" သူ့မျက်နှာအခြေအနေမဟန်မှန်းသိသွားသဖြင့် P'Jane လည်း ဘာမှဆက်မပြောတော့ပေ။

=_=_=_=

P'Sing တို့ကား ထွက်သွားတာကို သေချာအောင်ကြည့်ပြီးမှ Company ထဲကို သူ ဝင်လာလိုက်သည်။ တမင်လည်း မတွေ့အောင်ရှောင်လိုက်တာပင်။ အရင်လိုသွေးဆူလွယ်တဲ့ ပင်ကိုယ်ဗီဇနဲ့သာဆို သူ P'Sing ကို ကျိန်းမောင်းပြောဆိုမိမှာ အသေအချာပင်...။ အခုတော့ ရင်ထဲ ခံရခက်စွာ နာကျင်နေသည်မှအပ ဘာမှကို ပြောဆိုလိုစိတ်မရှိတော့ပေ။ တစ်နည်းအားဖြင့် ဆိုရလျှင် ကိုယ် သိပ်နာကျင်ရသည့်တိုင် ချစ်ရသော P ကိုတော့ နာကျင်စေလိုရင်း မရှိတော့။

အသံသွင်းစရာရှိတာ သွင်းပြီး Edit ခန်းအဝမှာထိုင်နေတုန်း P'Off က အနားရောက်လာသည်။

"စူပုပ်ပုပ်နဲ့ အဲ့ဒါဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး... အသံသွင်းပြီးပြန်လာတာလေ မောလို့ထိုင်နေတာ"

"မဟုတ်သေးဘူး... တစ်ခုခုတော့ တစ်ခုခုပဲ..."
P'Off က တကယ့်ကို ပါးရည်နပ်ရည်ရှိတဲ့သူ လူကဲခတ်တော်တဲ့သူပင်။ ခင်နေတာကြာလို့လည်း သူ့အကြောကိုနပ်နေတာဖြစ်မည်။

"ဟုတ်တယ် စိတ်တိုနေတာ..." ဝန်မခံချင်ပေမယ့် ဝန်ခံလိုက်ရသည်။ မဟုတ်ရင် မွမ်းကြပ်လွန်းပြီး သူ ရူးသွားမလားမသိ...။

"မဟုတ်မှလွဲရော... ညက ဇာတ်ဝင်ခန်းကြောင့်လား"
သူ မျက်လုံးအပြူးသားနဲ့ အံ့သြတကြီး ငေးကြည့်နေမိသည်။ P'Off က အဲ့လောက်တောင်တော်တာလား။

"ဟုတ်တယ်မလား..."
သူ့ထံမှ အဖြေမကြား၍ အတည်ပြုသည့်အနေဖြင့် P'Off က ထပ်မေးလိုက်သည်။

"အင်း..." သက်ပြင်းနှင့်အတူ အင်း လိုက်ခြင်းပင်။

"သူကရော... ဘာတဲ့လဲ"

"မသိဘူး..." ခေါင်းကို ငုံ့ထားရင်း ဖြေလိုက်သည်။

"မဟုတ်သေးဘူးလေ... မင်းစိတ်ဆိုးတော့ သူ ဘယ်လိုရှင်းပြလဲလို့ မေးတာ"

ရင်ခုန်သံမညာကြေး Or Peraya's DreamWhere stories live. Discover now