<11>

3.4K 453 77
                                    

ဒီ​နေ့...စာ​မေးပွဲ​ရဲ့​နောက်​ဆုံး​နေ့ဖြစ်​သည်​။ တစ်​ချို့တစ်ဝက်​ထွက်​လာသည့်​​ကျောင်းသူ၊​ကျောင်းသားများကြား ယွန်းဂီ​ရဲ့အခန်း​ရှေ့မှာ ရပ်​​စောင့်​​နေမိသည်​။ စိတ်​ကမငြိမ်​။ လက်​ကိုဆုပ်​ချည်​၊ ဖြန့်​ချည်​လုပ်​​ရင်း အခန်းထဲကို ​ခေါင်းကတိုးဝင်​မတတ်​ဖြစ်​​နေတယ်​။ စာ​မေးပွဲ​ဖြေတိုင်း ကိုယ့်​ကိုကိုယ်​ထက်​ ထိုအ​ကောင်​ကို ပိုစိတ်​ပူရသည်​​။ အရင်​​ရက်​​တွေက ​ဖြေနိုင်​လားလို့ ​မေးရင်​​တော့ ​အေးစက်​စက်​မျက်​နှာ​ပေးဖြင့်​ ​ခေါင်းတဆတ်​ဆတ်​ငြိမ့်​ပြသည်​။
ဒီနှစ်​​တော့ ဂျ​လေဘီ​ကောင်​ ​အောင်​မှဖြစ်​မည်​​လေ။ ကျ​တော်​ကဘွဲ့ရပြီး သူက ဒုတိယနှစ်​ကို သုံးခါ​မြောက်​ပြန်​​နေရရင်​​တော့ မဟုတ်​​သေး။

" အဟွန်း "

ချောင်းတစ်​ချက်​အဟန့်​​ကြောင့်​ ​အ​တွေးပြန်​လည်​လာပြီး ​မော့ကြည့်​လိုက်​​တော့ ကျ​တော့်​ဂျ​လေဘီ။

" ယွန်းဂီ မင်း​ဖြေနိုင်​လား "

" အင်း "

" တကယ်​​ဖြေနိုင်​ရဲ့လား၊ ​မေးခွန်းကခက်​လား ပြစမ်း "

" ​ဖြေနိုင်​ပါတယ်​ဆို မင်းကလည်း.. မင်း​လောက်​​ငါ့ကို​သေမလိုစာကျက်​ခိုင်းထားတာ မ​ဖြေနိုင်​စရာလား "

ဂျ​​လေဘီရဲ့ ​ဘောက်​ဆတ်​ဆတ်​အ​ပြော​ကြောင့်​ ဟက်​ကနဲရယ်​ချမိပြီး သူ့ဆံပင်​​တွေကို ထိုးဖွလိုက်​တယ်​။ ဒီ​တော့လည်း ကျ​တော့်​ဂျ​လေဘီက လက်​ကို တွန်းချပြီး မျက်​​မှောင်​ကြုတ်​သည်​။

" မင်းက​ရော..​ဖောင်​တင်​ပြီးပြီလား "

သူ​မေးလာကာမှ US.သွားမယ့်​အ​ရေး သတိရကာ စိတ်​ညစ်​သွားရသည်​။

" မတင်​ရ​သေးဘူး "

" ကျစ်​...ဒီ​နေ့​နောက်​ဆုံးတင်​ရမှာမလား "

စုတ်​သပ်​ကာ​ပြောလာတဲ့သူ့ကို လှမ်းကြည့်​ရင်း သက်​ပြင်းကဖွဖွချမိသည်​။

" ယွန်းဂီ ငါတကယ်​ပဲသွားရမှာလား "

" လာပြန်​ပြီ ဂျင်​ရာ! သွားပါလို့ ငါဘယ်​နှခါ​ပြောရမလဲ "

Only My Shadow Knows {Completed}Where stories live. Discover now