-Zawgyi-
ယောင်ချာချာညနေခင်းမှာ ကြောင်နနခြေလှမ်းတွေ။ တကယ်ဆို နှစ်ယောက်အတူရှိဖို့ခက်လွန်းတဲ့ကြားက ဒီနေ့လေးက ထူးထူးခြားခြားအဖြစ် အနားမှာဆက်နေချင်သေးပေမဲ့ အလုပ်ကအလုပ်မို့ ကျောခိုင်းကာ စာပြနေကျဂျူနီယာအိမ်သို့ ထွက်ခဲ့ရသည်။ ၀မ်းနည်းစရာပဲ။ ကျတော့်ဂျလေဘီက နည်းနည်းမှမမှုပါပဲ စိတ်တိုင်းကျ ရွက်လွှင့်ပေအုံးတော့မည်။
ဖြေးဖြေးနဲ့မှန်မှန်ပဲကားမောင်းခဲ့ရင်း ခပ်ကြီးကြီးနှစ်ထပ်တိုက်ရှေ့ရောက်တော့ ကားစက်သတ်လိုက်သည်။ ကျောပိုးအိတ်ကိုလွယ်ပြီး တစ်ဖက်က စာအုပ်တချို့ကိုပွေ့ကာ ကားထဲကဆင်းခဲ့တယ်။ ၆နာရီဆိုသည့်အချိန်က အနည်းငယ်တော့ မှောင်ရီပျိုးနေပြီဖြစ်သည်။
" ဆန်းဘေး! "
လက်ထဲက စာအုပ်တွေကို ဆွဲယူသွားသည့်မိန်းကလေးကြောင့် ခေတ္တမျှကြောင်အမ်းသွားရသည်။
" ဆန်းဘေးက လုံးဝအချိန်မှန်ပဲနော် ဂျူးတောင် အကြာကြီးထွက်မစောင့်လိုက်ရဘူး "
ရှည်လျားတဲ့ဆံပင်တွေကို အနောက်ဖက်တွန်းပို့ရင်း သူမ ပြောလာသည်။ အသိအမှတ်ပြုတဲ့သဘောနဲ့ တစ်ချက်ပြုံးပြလိုက်ပြီး...,,
" နောက်ဆိုထွက်မစောင့်ပါနဲ့။ ကိုယ်အချိန်မှီလာမှာပါ "
" ဟာ ... မလာမှာစိုးလို့ ထွက်စောင့်တာမဟုတ်ပါဘူးနော်၊ ဒီတိုင်း..ဂျူးက ဆန်းဘေးကို စောင့်ချင်လို့ကို "
ခေါင်းငုံ့ကာဆိုလာသည့်မိန်းကလေးကြောင့် သက်ပြင်းတစ်ချက် ရှိုက်မိသည်။ စာပြဖြစ်တဲ့ ဂျူနီယာမိန်းကလေးဆိုတာက အတော်အတန်လှသည့်အထဲမှာ ပါသည်။
သို့သော်ငြား ဘယ်အရာကိုမှ စိတ်ထဲမထားဖြစ်။ အနားမှာဝဲနေတတ်သည့် ဘယ်မဒီကိုမှလည်း စိတ်မဝင်စား။ မင်ယွန်းဂီဆိုသည့် ကျတော့်ဂျလေဘီက အရာရာကို ပိုင်စိုးထားပြီးမို့...။ ယှဉ်ကြည့်ရင်တောင် ငမ်းစရာတစ်ကွက်မှမရှိပါပဲ ထိုအကောင်မှ ထိုအကောင်ဖြစ်နေတာတော့ ညံ့လို့ပဲဖြစ်ပါလိမ့်မယ်။