""ပိုင်စီးအာဏာ ... အဲ့ဒီပိုင်စီးအာဏာလား ""

ကိုယ့်ဘာသာ ကယောင်ခြောက်ခြား ရေရွတ်လျှက် အပေါ်အနွေးထည်အတွင်းအိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်ပြီး Google မှာ Panorama Group နာမည်ကို ရိုက်ရှာသည်။

ဖုန်းမှာ ကျလာသော Panorama Group၏ CEO ဓာက်ပုံတွေကို ကြည့်ပြီး Down ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ရှင်းရှင်းလင်းလင်း ဓာက်ပုံတစ်ပုံကို Zoom ချဲ့ကြည့်လျှက်

ဒီမျက်လုံး၊ ဒီနှာတံ၊ ဒီနှုတ်ခမ်း၊ ဒီမျက်နှာ ...

""တိုတ်ဆိုင်လိုက်တာ ... ပိုင်ဖြစ်နေတာပဲ""

တို့ခန္ဓာကိုယ်ကို ငွေကြေးနဲ့ ပထမဆုံး ရောင်းချချိန် လက်ခံခဲ့သော ဧည့်သည်မှာ တိုတ်တိုတ်ဆိုင်ဆိုင် ပိုင်ဖြစ်နေတာကြောင့် ဝမ်းသာအံ့သြစိတ်တွေနဲ့အတူ ပိုင်နဲ့တို့ကြား ရေစက်က ပေါ့သေးသေး မဟုတ်ဘူးလို့ ထင်ခဲ့တယ်။

ချိတ်ပေးခဲ့တဲ့ ပွဲစားဆီ ချက်ချင်းရောက်သွားပြီး ထပ်ဆက်သွယ်သေးသလားလို့ အငမ်းမရ မေးဖြစ်ခဲ့တယ်။ ပိုင့်ရဲ့ဆက်သွယ်မှု့ကို ထပ်မျှော်လင့်ရင်း ပိုင်နဲ့ထပ်ဆုံချင်တဲ့စိတ်တွေ ပြင်းပျခဲ့တယ်။

ဝမ်းနည်းဖို့ကောင်းတာက ပိုင့်ဖက်က ထပ်မဆက်သွယ်လာတဲ့အပြင် ဧည့်သည်ကမည်သူ၊ မည်သည့်နေရာမှာ တည်းခိုသလဲတောင် ပွဲစားကိုယ်တိုင် မသိခဲ့ဘူး။ နောက်နေ့အင်တာနက်သတင်းမှာ ပါလာတာက ပိုင်ဟာ Tokyo က ပြန်သွားခဲ့ပြီတဲ့ ...

ပိုင့်နောက်ကို လိုက်ချင်စိတ်တွေ၊ ဒီနေရာက ကူကယ်ပေးပါဦးလို့ အကူအညီတောင်းခံချင်စိတ်တွေ၊ ပိုင့်ကို တမ်းတတဲ့ အလွမ်းဒဏ်တွေ နဲ့ တို့ကတော့ ဒီငရဲလိုနေရာက မရုန်းထွက်နိုင်ခဲ့ဘူး။ တို့မှာ သံယောဇဉ်တွေ၊ ငဲ့ညှာရမှာတွေ၊ လုပ်စရာအလုပ်တွေ ကျန်ရှိနေသေးတယ်လေ။

""မင်းနာမည်က ဖိုးဝလုံးလား ... နာမည် မကောင်းဘူး၊ ဝလုံးက သုညနဲ့အတူတူပဲ၊ မင်းနာမည်ကို ဝလုံးလို့ သတ်မှတ်မှတော့ မင်းဘဝကလည်း သုညဆန်နေမှာပဲ၊ ငါမင်းကို မင်းနဲ့လိုက်ဖက်မဲ့ ဘိုဆန်ဆန်နာမည်တစ်ခု ပေးမယ် ... Piggy ခိခိ၊ မင်းနာမည် Piggy""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းOpowieści tętniące życiem. Odkryj je teraz