EP-10

32.7K 3.6K 471
                                    

နားရာလေးကို မောင်က နွားကြီးနှင့်ဖားကြီးအကြောင်း ညအိပ်ရာဝင် ပုံပြင်ပြော ချော့သိပ်နေသည်။ စိတ်ဝင်စားဖို့ကောင်းအောင် ပုံပြောကောင်းသော မောင်ကြောင့် ပုံပြင်မပြီးဆုံးခင် နားရာလေးက အရင် အိပ်ပျော်သွားပြီ။

အိပ်ပျော်နေသော နားရာလေးကို ချစ်မြတ်နိုးစွာ အသဲတယားယား မွှေးကြူနမ်းနေသော မောင်

""မောင့်တို့ ခိုနားရာလေးက နိုးနေရင်သာ ဂျီတာ၊ အိပ်ပျော်နေတဲ့အချိန် ဘယ်လိုလုပ်လုပ် မနိုးဘူး""

မောင်က အိပ်ရာပေါ်လှဲ လက်ထောက်ခေါင်းတင်ထားလျှက် နားရာဖက် ကိုယ်စောင်းကာ နားရာလေး၏ လက်ချောင်းသေးသေးလေးတွေကို ပါးစပ်ထဲထည့် ဆွဲငုံ၊ မနာအောင် ဖွဖွလေး ကိုက်ကျီစယ်နေသည်။

အိပ်ပျော်နေသော သမီးလေးနှင့် သမီးလေးကို ချစ်မဝ ချော့မြူကစားနေသော ဖခင်သည် မ ကို အိမ်ထောင်ရေးမိသားစု ကံကောင်းသော မိန်းမတစ်ယောက်ဟု ကြည်နူးစေသည်။ သားအဖနှစ်ယောက်ကို မ ကြည်နူးပီတိဖြာ ငေးကြည့်နေရင်းမှ ကိစ္စတစ်ခုကြောင့်

""မောင် ... မ နဲ့ စကားပြောရအောင်""

နေ့လည်က ချယ်ရီထွေးအကြောင်း မောင့်ကို မေးရ ပြောရဦးမည်။ မောင်က ငုတ်တုတ်ထထိုင်ပြီဖြစ်သော မ ကို တစ်ချက် မျက်လုံးလှန်ကြည့်ကာ

""ပြော ... မ""

""နားရာလေး နိုးမှာစိုးလို့ ထိုင်ခုံမှာ ပြောင်းထိုင်ပြီး ပြောရအောင်""

မ က ကုတင်ပေါ်မှ ဆင်းပြီး အခန်းထဲရှိ ထိုင်ခုံအပုလေးမှာ သွားထိုင်သည်။ ပိုင်စီးက မ ၏ လေးကန်သော လှုပ်ရှားမှု့အားလုံးကို မျက်လုံးထောင့်စေ့ လိုက်ကြည့်ပြီး နားရာလေး ကိုယ်ပေါ် စောင်သေချာလွှမ်းခြုံပေးလိုက်သည်။

ထို့နောက် မ နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံအလွတ်မှာ ဝင်ထိုင်သည်။

""မ .. ဘာပြောမလဲ""

မျက်နှာကို သေချာစိုက်ကြည့်နေသော မ ကြောင့် ပိုင်စီးနေရခက်လာသည်။ အလေးအနက်ရှိသော မ အမူအရာအရ ပြောမည့် စကားအတိမ်အနက်ကို စိတ်ဝင်စားမိသည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now